နီပေါမှာ ရေကြီးမြေပြိုတာတွေကြောင့် လူ ၁၂၉ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ နီပေါအာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မြို့တော် ခတ္တမန္ဒူနားက မြေပြိုကျတဲ့အထဲမှာ ပါသွားတဲ့ ကားတွေနဲ့ ဘတ်စ်ကားတွေထဲကနေ သေဆုံးနေတဲ့ ရုပ်အလောင်း ဒါဇင်နဲ့ချီကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဟက်ဇ်ဘူလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုနဲ့ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဆိုသလို ကြုံနေရချိန်မှာပဲ အခုနောက်ထပ် ခေါင်းဆောင်တယောက် သေဆုံးတဲ့သတင်း ထွက်ပေါ်လာတာပါ။
တောင်တရုတ် ပင်လယ်ပြင်ထဲမှာ စနေနေ့က အမေရိကန်နဲ့ အာရှ- ပစိဖိတ်နိုင်ငံ တွေပါဝင်တဲ့ ၅ နိုင်ငံတပ်ဖွဲ့တွေ ရေကြောင်းပူးတွဲ လေ့ကျင့်မှု လုပ်ခဲ့သလို ပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာပဲ တရုတ်စစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အပြည့်အဝ အပစ်ရပ် သဘောတူညီမှု ရရေး အချိန်ဆွဲမနေသင့်ဘူးလို့ နယူးရောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားလိုက်ပါတယ်။
ဟက်ဇ်ဘိုလာ ဌာနချုပ်ရှိတဲ့ Beirut မြို့တောင်ပိုင်းအပေါ် သောကြာနေ့က ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟက်ဇ်ဘိုလာခေါင်းဆောင် သေဆုံးသွားတာလို့ အစ္စရေးစစ်တပ်ကလည်း ဒီနေ့ အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဆက်လက် လိုအပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရေးကလည်း အလားတူ အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံမှာ သောကြာနေ့က အစ္စရေးဝန်ကြီးချုပ် Benjamin Natanyahu မိန့်ခွန်းပြောရာမှာ၊ သူ့နိုင်ငံကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေနဲ့ အီရန်က သူ့တို့ကို ထောက်ခံသူတွေပေါ် ဆင်နွဲနေတဲ့ တိုက်ပွဲမှာ အစ္စရေးက အနိုင်ရနေကြောင်း ပြောပါတယ်။
ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် တင်သွင်းထားတဲ့ ဒေါ်နယ်ထရမ့်က နယူးရောက်မှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး၊ တကယ်လို့ သူရွေးခံရရင် ရုရှား- ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် နှစ်ဘက်စလုံး အဆင်ပြေ ကောင်းမွန်စေမှာမျိုးကို လုပ်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရမ့်က နယူးရောက်မှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး၊ တကယ်လို့ သူရွေးခံရရင် ရုရှား- ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် နှစ်ဘက်စလုံး အဆင်ပြေ ကောင်းမွန်စေမှာမျိုးကို လုပ်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်