ယူကရိန်းနိုင်ငံအလယ်ပိုင်း Poltava မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရုရှားက မစ်ဇိုင်းဒုံးနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရသူတွေထဲက နောက်ထပ် ၃ ယောက် သေဆုံးသွားတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၅၈ ယောက်ရှိသွားပြီလို့ ယူကရိန်းက ဒီနေ့ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ယာဂီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၇၆ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မုန်တိုင်းက အားပျော့သွားပြီဆိုပေမယ့်လည်း မိုးအကြီးအကျယ် ရွာသွန်းနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ Papua New Guinea တောနက်ထဲက ကက်သလစ်ခရစ်ယာန်တွေနဲ့ တွေ့ဆုံဖို့ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ တနင်္ဂနွေနေ့မှာ လေကြောင်းက သွားရောက်ခဲ့ပြီး ဆေးဝါးနဲ့ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။
နယ်စပ်တံတားမှာ ဂျော်ဒန်ဘက်ခြမ်းကနေ ထရပ်ကားနဲ့ ရောက်လာတဲ့ သေနတ်သမားက အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကို စတင်ပစ်ခတ်ခဲ့ပြီး၊ တိုက်ခိုက်သူဟာလည်း အပြန်အလှန် ပစ်ခတ်ရာက သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဘိုရင်း (Boeing) လေယာဥ်ကုမ္ပဏီထုတ် ပထမဆုံး အာကာသ လွန်းပျံယာဉ် စတားလိုင်နာဟာ စမ်းသပ် လွှင့်တင်မှုမှာ လိုက်ပါသွားတဲ့ အာကာသယာဥ်မှူးတွေကို နိုင်ငံတကာ အာကာသ စခန်းထဲ ချန်ထားရစ်ခဲ့ရပြီး ကမ္ဘာမြေပေါ် ကို သောကြာညက အောင်အောင်မြင်မြင်နဲ့ ပြန်လည် ဆင်းသက်ခဲ့ပါတယ်။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာနဲ့ ပတ်သက်ပြီး အီရန်အစိုးရဟာ အကျိုးဆက်တွေကို ရင်ဆိုင်ရာမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတခု အတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သောကြာနေ့က သေဆုံးခဲ့ရတဲ့ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီးရဲ့ မိသားစုက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ စနေနေ့က တောင်းဆိုပါတယ်။
လွန်းပျံယာဉ်မှာ တွန်းအားပြဿနာနဲ့ ဟီလီယမ် ဓာတ်ငွေ့ ယိုစိမ့်မှု ပြဿနာတွေ ဖြစ်ခဲ့လို့ အပြန်အခရီး နှောင့်နှေးနေခဲ့တာပါ။ လူမပါတဲ့ စတားလိုင်နာ လွန်းပျံယာဥ်ကတော့ ကမ္ဘာ့ပတ်လမ်းထဲက သုတေသန စခန်းကနေ ထွက်ခွာပြီး ခြောက်နာရီအကြာမှာ ကမ္ဘာကို ပြန်လည် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
West Bank ခေါ်ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတခု အတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သောကြာနေ့က သေဆုံးခဲ့ရတဲ့ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီးရဲ့ မိသားစုက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ စနေနေ့က တောင်းဆိုပါတယ်။
ကမ္ဘာကြီးမှာ စစ်အေးစစ်ကာလနောက်ပိုင်း ဘယ်တုန်းကမှနဲ့ မတူတဲ့ အန္တရာယ်ကြုံနေရတယ်လို့ အမေရိကန်နဲ့ ဗြိတိန် ထောက်လှမ်းရေးအကြီးရေး အကြီးအကဲ ၂ ယောက်က သတိပေးလိုက်ပါတယ်။
အခုနှစ် အာရှမှာတိုက်တဲ့ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံး စူပါမုန်တိုင်း Yagi ဟာ ဒီနေ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ ၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်