ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၆ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေး အစိုးရကို ဖိအားပေးနဲ့အနေနဲ့ အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး အထွေထွေသပိတ် ဆင်နွှဲနေပါတယ်။
ယူကရိန်းဘက်က များပြားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုမြို့တော်အနီးက ဓာတ်အားပေး စက်ရုံနဲ့ ရေနံချက်စက်ရုံတွေအပါအဝင် နေရာအများအပြား ထိခိုက်ခဲ့တယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။ ဒါဟာ ယူကရိန်းတိုက်ခိုက်မှု တိုးမြှင့်လာတာပဲလို့လည်း ဆိုပါတယ်။
၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် နာဇီဂျာမနီရဲ့ ကနဦးတိုက်ခိုက်မှု ခံခဲ့ရတဲ့ ပိုလန်နိုင်ငံမှာ တနင်္ဂနွေနေ့အရုဏ်ဦးက အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အခုသီတင်းပတ်အတွင်း အာရှဒေသကို သွားရောက်မှာဖြစ်ပြီး ဒါဟာ သူရဲ့ပုပ်ရဟန်းမင်းကြီး သက်တမ်းတလျှောက် အရှည်ကြာဆုံးနဲ့ အဝေးဆုံးသွားတဲ့ ခရီးစဉ်သာ မဟုတ်ဘဲ၊ စိန်ခေါ်မှု အများဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။
ဂါဇာဒေသ စစ်ပွဲတွေကြား ရောဂါကူးစက်မှုတွေ မပေါ်ပေါက်စေဖို့ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး အများအပြား တိုက်ကျွေးတဲ့ အစီအစဉ်ကြီးတခုကို ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက စတင်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဥပဒေမဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာရာဇဝတ်မှု လုပ်ငန်းတွေအတွက် မသင်္ကာတဲ့ နေရာတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတချို့ အပါအဝင် လူ ၁၆၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
မော်စကိုမြို့တော်နဲ့ Tver ဒေသတွေက ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် ရုရှားနိုင်ငံက နေရာအများအပြားကို ဒီကနေ့ အစောပိုင်းမှာပဲ ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဟာမတ်စ်တွေ ဖမ်းဆီးသွားတဲ့ ဓားစာခံတွေထဲက ဂါဇာဒေသမှာ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို ပြန်လည်ရယူခဲ့ကြောင်း အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ သေဆုံးသူ အလောင်းတွေထဲမှာတော့ မိဘတွေက နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမြန်ဆုံးပြန်လွတ်အောင် ဖိအားပေးခဲ့တဲ့ အစ္စရေး-အမေရိကန် လူငယ်လည်း ပါဝင်ခဲ့တာပါ။
စနေ့နေ့မနက် အစောပိုင်းက တရုတ် စူးစမ်းရှာဖွေရေး သင်္ဘောတစင်း ဂျပန်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ဂျပန်အစိုးရက ဂျပန်ဆိုင်ရာ တရုတ်သံရုံးကနေတဆင့် တရုတ်အစိုးရထံ ကန့်ကွက်ခဲ့ပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာ သဲကန္တာရထဲမှာ ခိုအောင်းနေတဲ့ IS အစ္စလမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့တွေ ပူးတွဲ စစ်ဆင်ရေး လုပ်နေပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုကနေ IS ၁၅ ဦးသေဆုံးပြီး၊ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
“ သမ္မတ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအနေနဲ့၊ ပွင့်လင်းမြင်သာမှု ရှိရှိ မိုက်ကရိုဖုန်းကို တချိန်လုံးဖွင့်ထားပြီး စကားစစ်ထိုးကြရအောင်လို့” ဒုသမ္မတ ကာမလာဟဲရစ်က သူ့ရဲ့ X လူမှုကွန်ယက်မှာရေးသားပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အကြံပေးအဖွဲ့ကတော့ မိုက်ကရိုဖုန်း တပြိုက်နက်တည်း ဖွင့်ထားတာမျိုးမလုပ်ဖို့ အကြံပေးထားပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာသဲကန္တာရထဲမှာ ခိုအောင်းနေတဲ့ IS အစ္စလမ်မစ် စစ်သွေးကြွတွေကိုနှိမ်နင်းဖို့ အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့တွေ ပူးတွဲစစ်ဆင်ရေး လုပ်နေပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုကနေ IS ၁၅ ဦးသေဆုံးပြီး၊ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်