တရုတ်နိုင်ငံ စီးပွားရေး ဆက်အားနည်း နှေးကွေးလာနေတယ်လို့ အမျိုးသားစာရင်းအင်းအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ တရုတ်အမျိုးသားစာရင်း အင်းဗျုရိုက ဒီနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စက်မှုထုတ်ကုန်၊ လက်လီအရောင်းနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးတွေ July လထက် August လမှာ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းဘက်က ဆက်လက်ရပ်တည်မယ်လို့ ကတိပြုခဲ့ကြပေမဲ့ ယူကရိန်း မျှော်လင့်နေသလို ထုတ်ပြန်ကြေညာြခင်းတော့ မရှိခဲ့ပါဘူး။
ဘေဂျင်းမှာကျင်းပတဲ့ ကာကွယ်ရေးဆိုင်ရာ အစည်းဝေးကို အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ် အကြီးတန်းအရာရှိကြီး တဦးတက်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လာမယ့် သီတင်းပတ်ထဲ ဟာဝိုင်ယီမှာ ကျင်းပမယ့် ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးကို တရုတ်စစ်တပ် တောင်ပိုင်းဒေသ ကွပ်ကဲရေးဌာန အကြီးအကဲတက်ရောက်ဖို့ ရှိနေပါတယ်။
ဂျာမနီရေတပ်သင်္ဘော ၂ စင်းဟာ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ပြီး တောင်ကိုရီးယားကနေ ဖိလစ်ပိုင်ကို ဦးတည်မောင်းနှင်တာဟာ ဒီပင်လယ်ပြင်ဒေသတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဂျာမနီပါ ရင်ဆိုင် ဖြေရှင်းလိုတဲ့ ဆန္ဒရှိတာကိုတွေ့ရပြီး ဒီကိစ္စဟာ ဥရောပ အထိ ကျယ်ပြန့်လာတာကို ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂ နိုင်ငံကြား အထူးဆက်ဆံရေးကို အလေးထားကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ အစ္စရေးအတွက် အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့လည်း ဖြစ်ပါတယ်။
အမေရိကန်က အင်ဒို ပစိဖိတ်ဒေသကွပ်ကဲရေး ဌာနအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Sam Paparo နဲ့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းဒေသ ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Wu Yanan တို့ဟာ အင်္ဂါနေ့က ဗီဒီယိုနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။
ဂျာမနီရေတပ်သဘောၤ ၂ စင်းဟာ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ပြီး တောင်ကိုရီးယားကနေ ဖိလစ်ပိုင်ကို ဦးတည်မောင်းနှင်တာဟာ ဒီပင်လယ်ပြင်ဒေသတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဂျာမနီပါ ရင်ဆိုင် ဖြေရှင်းလိုတဲ့ ဆန္ဒရှိတာကိုတွေ့ရပြီး ဒီကိစ္စဟာ ဥရောပ အထိ ကျယ်ပြန့်လာတာကို ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
မော်စကိုမြို့ ဗြိတိန်သံရုံးက သံတမန် ၆ ယောက်ကို သူလျှိုလုပ်တယ်၊ အဖျက်အမှောင့် လုပ်ရပ်တွေလုပ်တယ်လို့ဆိုပြီး သံတမန်အဖြစ် တရားဝင်အသိအမှတ်ပြုမှုကို ရုတ်သိမ်းတယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာနက ဒီနေ့ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၃ ရက်၊ ဒီကနေ့ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးနေတဲ့အတွက် အိမ်တွေမှာ ပိတ်မိနေသူတွေဆီကို အစားအစာနဲ့ သောက်သုံးရေ အမြန်ဆုံး ပေးဖို့ကြနဲ့ ကူညီရေး ဆောင်ရွက်နေသူတွေလည်း ဘေးအန္တရာယ်ကင်းအောင် သတိထား လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ Australia၊ ဂျပန်နဲ့အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စက်တင်ဘာလ ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ်မှာ ကျင်းပမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တာ အတွက် အထူး အံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်