ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင်နဲ့ ထိုင်း မြန်မာနယ်စပ် တည်ငြိမ်ရေးကို လိုလားတဲ့ ထိုင်းနိုင်ငံအနေနဲ့ အာရှလမ်းမကြီး ပြန်လည်ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံထဲက စစ်ပွဲတွေဖြစ်နေတဲ့ ဘက်အားလုံးနဲ့ အတူတွဲဆောင်ရွက်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂရန်ဖုန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ အရှေ့အလယ်ပိုင်းအရေးကိစ္စကိုဆွေးနွေးဖို့ ပဲရစ်မြို့မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရဖို့နဲ့ အစ္စရေး လက်ဘနွန် နယ်စပ်တင်းမာမှုတွေကနေ ပဋိပက္ခတွေ ပိုကြီးထွားမလာအောင် ကာကွယ်တဲ့အနေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက လက်နက်တိုက်အပါအဝင် Hezbollah အဖွဲ့ရဲ့ နေရာ ၇ ခုကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ လက်ဘနွန်က Hezbollah အဖွဲ့အပေါ် စစ်မျက်နှာသစ်ဖွင့်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်မှာ ခုလိုတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။
တရုတ်ထိန်းချုပ်တဲ့ အင်တာနက်ထိုးဖောက်ဝင်ရောက်သူဟက်ကာတွေက အမေရိကန် အခြေခံအဆောက်အဦတွေ၊ နောက် အင်တာနက် ချိတ်ဆက်ပစ္စည်းမျိုးစုံကို ထိုးဖောက်ထိန်းချုပ်ရေး botnet လှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာမှာ အမေရိကန်က ဖော်ထုတ်နှိမ်နင်းလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုထပ်ဖြစ်တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၄၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ Hezbollah စစ်သွေးကြွတွေသုံးတဲ့ လမ်းလျှောက်စကားပြောစက် (walkie-talkie) တွေကို အဝေးကနေ ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ Hezbollah အဖွဲ့ဝင် အများစုကိုင်ဆောင်တဲ့ Pager အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့က တပြိုင်တည်း ပေါက်ကွဲတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး၊ ၂,၈၀၀ ဒဏ်ရာရသွားခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စရေးရဲ့ လက်ချက်လို့ Hezbollah နဲ့ လက်ဘနွန်အစိုးရတို့က စွပ်စွဲလိုက်ပါတယ်။
ဝန်ကြီး Blinken ဟာ ဒီနေ့ပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာနယ်စပ်လုံခြုံရေးနဲ့ ပါလက်စတိုင်းဘက်ခြမ်းမှ Rafah ဒေသ ဖြတ်ကျော်စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဘယ်အပြောင်းအလဲကိုမှာ လက်ခံမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ရေဘေးဒဏ်အပါအဝင် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေအတွက် ဆုတောင်း မေတ္တာ ပို့ပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စားသောက်ကုန် ထုပ်ပိုးပြင်ဆင်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်း ၃,၆၀၀ ကျော်ကို လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာတွေ့ရှိရပြီး တချို့က ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ အင်္ဂါနေ့မှာ ထွက်လာတဲ့လေ့လာချက်တခုက ဆိုပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေဟာ ထုတ်လုပ်ရေးဖြစ်စဥ် ကလည်းလာနိုင်သလို မီးဖိုချောင်တွေကလည်း လာနိုင်ပါတယ်။
မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်တဲ့တိုင်းပြည်တချို့မှာ ရေကြီးတာကြောင့် မြေကိုက်တဲ့အန္တရာယ်က ပိုကြီးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ နှစ်တိုင်း လူ ၂ သန်း ၇ သိန်း လောက် မြွေကိုက်ခံနေကြရပြီး ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးနေရတယ်လို့ WHO က ခန့်မှန်းပါတယ်။
နိုင်ငံရေးအရ ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီးပျံသန်းတဲ့ အမေရိကန်လေယာဥ်ကို တရုတ်တိုက်လေယာဥ်တွေက နောက်ကနေ ကပ်လိုက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်းဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကာကွယ်မယ်လို့လည်း တရုတ်စစ်တပ်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်