တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို တိုင်ဖုန်မုန်တိုင်း Bebinca ဝင်ရောက် တိုက်ခတ်ဖို့ ရှိတာကြောင့်၊ ပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းပြီး၊ သင်္ဘောတွေကို ကမ်းကပ်ဖို့ပြန်ခေါ်တာအပြင် ရှန်ဟိုင်း Disney အပမ်းဖြေစခန်း အပါအဝင် ကမ္ဘာ့လှည့်ခရီးသည်တွေ အသွားအလားများတဲ့ နေရာတွေကို ပိတ်လိုက်ပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်း တိုက်ခိုက်မှုကြောင့် Ben Gurion အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင်၊ အရေးပေါ် လေကြောင်းရန် အချက်ပေးဥသြတွေနဲ့ သတိပေးခဲ့ရပေမဲ့ သေကျေထိခိုက်မှု ကြီးကြီးမားမား သတင်းတော့ မကြားရပါဘူး။
ဥရောပအလယ်ပိုင်းမှာ ဒီကနေ့ ဆက်လက်မိုးသည်းထန်နေပြီး နေရာတော်တော်များများ ရေဘေးသင့်နေချိန်မှာပဲ၊ ပိုလန်နိုင်ငံ အနောက်တောင်ဘက်ဒေသမှာ လူတယောက် ရေနစ်သေဆုံးပြီး၊ ချက်သမ္မတနိုင်ငံ နယ်စပ်မှာ လူပေါင်းထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။
ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့် ပေးမယ်ဆိုရင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့နဲ့ပါ စစ်ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ Vladimir Putin ရဲ့ ခြိမ်းခြောက်မှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ပယ်ချလိုက်ပါတယ်။
စက်တင်ဘာလ ၁၀ ရက်က စတင်ကျင်းပတဲ့ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ခန့်ထားရုံသာ မက ၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ ဆွေးနွေးခွင့်ပေးဖို့ ကာလီဖိုးနီးယားပြည်နယ် မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံ အနေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းဖွင့်ထားပေမယ့် အမေရိန်ကန်နဲ့ အနောက် ဥရောပ နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖိအားတွေကို လက်မခံကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က စက်တင်ဘာ ၁၄ ရက် စနေနေ့က ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း တို့ဟာ စနေနေ့က အကျဉ်းသား ၂၀၆ ယောက်ကို အလဲအလှယ် လုပ်ခဲ့ကြ ပါတယ်။ ဒါဟာ UAE အာရပ်စော်ဘွားများပြည်ထောင်စု ရဲ့ ကြားဝင်ညှိနှိုင်းမှုနောက်ပိုင်း ၂ ရက်အတွင်း ဒုတိယအကြိမ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ စီးပွားရေး ဆက်အားနည်း နှေးကွေးလာနေတယ်လို့ အမျိုးသားစာရင်းအင်းအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ တရုတ်အမျိုးသားစာရင်း အင်းဗျုရိုက ဒီနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စက်မှုထုတ်ကုန်၊ လက်လီအရောင်းနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးတွေ July လထက် August လမှာ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းဘက်က ဆက်လက်ရပ်တည်မယ်လို့ ကတိပြုခဲ့ကြပေမဲ့ ယူကရိန်း မျှော်လင့်နေသလို ထုတ်ပြန်ကြေညာြခင်းတော့ မရှိခဲ့ပါဘူး။
ဘေဂျင်းမှာကျင်းပတဲ့ ကာကွယ်ရေးဆိုင်ရာ အစည်းဝေးကို အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ် အကြီးတန်းအရာရှိကြီး တဦးတက်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လာမယ့် သီတင်းပတ်ထဲ ဟာဝိုင်ယီမှာ ကျင်းပမယ့် ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးကို တရုတ်စစ်တပ် တောင်ပိုင်းဒေသ ကွပ်ကဲရေးဌာန အကြီးအကဲတက်ရောက်ဖို့ ရှိနေပါတယ်။
ဂျာမနီရေတပ်သင်္ဘော ၂ စင်းဟာ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ပြီး တောင်ကိုရီးယားကနေ ဖိလစ်ပိုင်ကို ဦးတည်မောင်းနှင်တာဟာ ဒီပင်လယ်ပြင်ဒေသတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဂျာမနီပါ ရင်ဆိုင် ဖြေရှင်းလိုတဲ့ ဆန္ဒရှိတာကိုတွေ့ရပြီး ဒီကိစ္စဟာ ဥရောပ အထိ ကျယ်ပြန့်လာတာကို ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂ နိုင်ငံကြား အထူးဆက်ဆံရေးကို အလေးထားကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ အစ္စရေးအတွက် အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့လည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်