အစ္စရေးက ဒီကနေ့ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈၂ ဦး သေဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက် ဒဏ်ရာရသွားတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းက ပစ်မှတ်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း တိုးမြင့် လုပ်ဆောင်လာနေတာပါ။
ရုရှား ကင်းလှည့်လေယာဉ်တွေ ဂျပန်လေကြောင်းပိုင်နက်အတွင်း ၃ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်လို့ ရုရှားကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara က ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ တယောက်ပြီးတယောက် မိန့်ခွန်းတွေ မပြောခင် တရက်အလို ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တချို့ မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။
သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာတော့ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်ဆိုပြီး ရွေးကောက်ပွဲကတိပြုခဲ့တဲ့ မာ့က်စ်ဝါဒီ လွှတ်တော်အမတ် Anura Kumar Dissanayake က အနိုင်ရသွားပါတယ်။
အီရန်နိုင်ငံအရှေ့ပိုင်းက ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရသွားခဲ့တယ်လို အီရန်အာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံ Noto ဒေသမှာ မိုးသည်းထန်ရွာသွန်းရာက ရေကြီးမှုတွေအတွင်း ပျောက်ဆုံးနေသူ ၆ ဦးထက်မနည်းကို အရေးပေါ် ကယ်ဆယ်ရေးတွေ ဒီကနေ့ ဆက်လက်ရှာဖွေနေကြပါတယ်။
အစ္စရေးက လက်ဘနွန်ဘက်ခြမ်းကို အကြိမ်ပေါင်း ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုတွေနဲ့အတူ လနဲ့ချီ တင်းမာနေတဲ့ ၂ ဘက်အကြား စစ်ပွဲကြီးတခုအသွင် ဖြစ်လာနေတာပါ။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအသီသီးမှာရှိကြတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ သူ့ရဲ့ လက်ရှိ သံအမတ်ကြီးတာဝန်ကို ကုလသမဂ္ဂက ဆက်လက် ခန့်ထားပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
အမေရိကန်၊ ဩစတေးလျ၊ ဂျပန်နဲ့အိန္ဒိယ ၄ နိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စနေနေ့က ကျင်းပခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ Delaware ပြည်နယ် Wilmington နေအိမ် မှာ ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ခိုလှုံခွင့် အစီအစဥ် တနှစ် ပြည့်ချိန်မှာ လူ ၁၀ ဦးထက်နည်းတဲ့ ပမာဏကိုသာ ခိုလှုံခွင့်ပေးထားတယ်လို့ ပြောကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အရင် အပတ်က တွေ့ဆုံခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ဝင်တွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်