ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်နှစ်ဦးတောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်မှာဒီကနေ့ တွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ဆွေးနွေးကြပါတယ်။တာဝန်က အနားယူတော့မယ့် ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဒီကနေ့ပဲ တောင်ကိုရီယား နိုင်ငံကို ၂ ရက်ကြာခရီးစဥ်နဲ့ သွားရောက်နေတာပါ။
ကင်ညာနိုင်ငံက ကျောင်းအိပ် ကျောင်းစား အခြေခံမူလတန်းကျောင်းဆောင်တခု မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး ကျောင်းသား ၁၇ ဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အားပြင်းတဲ့ စူပါတိုင်ဖုန်းမုန်တိုင်း Yagi ဟာ လေတိုက်နှုန်း တနာရီ ၁၄၅ မိုင်နှုန်းနဲ့ သောကြာနေ့ နေ့လည်ပိုင်းမှာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း အရှေ့မြောက်ဘက် Wenchang မြို့ကို သောကြာညပိုင်းမှာ ဝင်ရောက်တိုက်ခတ်ပါတယ်။
ယူကရိန်း အနေနဲ့ အမေရိကန်မှာ Donald Trump သို့မဟုတ် Kamala Harris သမ္မတ ဖြစ်လာရင် မကြုံဖူးလောက်အောင်ကွဲပြားတဲ့ အခြေအနေတွေနဲ့ကြုံရမှာပါ။ ဒါပေမဲ့လည်း သမ္မတလောင်း ၂ ယောက်လုံးအနေနဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှား နဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတာကို သေချာမရှင်းလင်းထားပါဘူး။
တရုတ်က ထိုင်းဈေးကွက်ထဲကို သူ့ရဲ့ ဈေးပေါတဲ့ ကုန်ပစ္စည်းတွေလှိမ့်သွင်းနေတဲ့အတွက် ထိုင်းစီးပွါးရေးကို ထိခိုက်စေတယ်ဆိုတဲ့ ပြောဆိုချက်တွေအတွက် ဘန်ကောက်-တရုတ်သံရုံးက စက်တင်ဘာ ၄ ရက်နေ့မှာ သံရုံးဖေ့စ်ဘုတ်စာမျက်နှာကနေ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။
ယူကရိန်းအစိုးရပိုင်းမှာ သမ္မတ Volodymyr Zelenskyy က အပြောင်းအလဲတွေ လုပ်နေချိန်မှာပဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ အန်ဒရီ စဘီလာ (Andriy Sybiga) ကို ကြာသပတေးနေ့မှာ ယူကရိန်းလွှတ်တော်က နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဘာသာရေးလှုံဆော်မှုတွေကြောင့်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက် သွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ အရှေ့တောင်အာရှက အကြီးဆုံးဗလီခေါင်းဆောင် Nasaruddin Umar တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ Kamala Harris ကို သမ္မတအနိုင်ရဖို့ အားပေးတယ်လို့ ရုရှားသမ္မတ Vladimir Putin ကဒီနေ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား အလားအလာရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လာဖို့မှာ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ကြားဝင် စေ့စပ်သူတွေ ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီနေ့ ပြောလိုက်ပါတယ်။
လာမယ့် ၃ နှစ်အတွင်း အာဖရိကနိုင်ငံတွေကို ဒေါ်လာ သန်း ၅ ထောင်ကျော်ဖိုး ငွေကြေးပံ့ပိုးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင် (Xi Jinping) က ကတိပြုလိုက်ပါတယ်။
ဩစတြေးလျနဲ့ ဂျပန်နိုင်ငံကြား စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဖို့ သဘောတူညီလိုက်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝေဟင်နဲ့ ရေပြင်နယ်နိမိတ်တွေထဲကို တရုတ်ဝင်ရောက် လှုပ်ရှားနေတဲ့အပေါ် ၂ နိုင်ငံလုံး စိုးရိမ်နေကြတာနဲ့အတူ ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်သွားဖို့ သဘောတူညီခဲ့ကြတာပါ။
ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံ တာချီလိတ်ကပို့လာတဲ့ ကာလတန်ဖိုးဘတ်ငွေ သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး ပြား (၆) သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်