Hamas ကသာ လက်နက်ချလိုက်မယ်ဆိုရင် ဂါဇာစစ်ပွဲ ချက်ချင်းရပ်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ လက်နက် မချရင်တော့ Hamas အဖွဲ့ လုံးဝ မရှိတော့တဲ့အထိ ချေမှုန်းသွားမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးချုပ် Benjamin Netanyahu က အခုအသံမလွှင့်ခင်မှာပဲ မိန့်ခွန်းပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာနေပြီး လူသားဘေးဒုက္ခ အကျပ်အတည်းတွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ပိုမို ဆိုးရွား ပြင်းထန်လာနေတယ်လို့ (ယူကေ) ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ကုလသမဂ္ဂမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
ဂျပန်နိုင်ငံမှာ ကာကွယ်ရေး ဝန်ကြီးချုပ်ဟောင်း Shigeru Ishiba ဟာ ဒီကနေ့ပဲ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန် စတင် ထမ်းဆောင်ပါတယ်။ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဖြစ်ဖို့ ငါးကြိမ်မြောက် အကြိတ်အနယ် ယှဥ်ပြိုင်ကြတဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။
တရုတ်က ဗုဒ္ဓဟူးနေ့မှာ ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီရှားရှားပါးပါးလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန်တို့ သြဇာလွှမ်းဖို့ ကြိုးစားနေတဲ့ ပစိဖိတ်ဒေသတွင်း ပိုင်နက်အငြင်းပွါးနေကြတဲ့ နိုင်ငံအတော်များများကြား တင်းမာမှု တိုးလာစေပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူမှာ လက်ခံတွေ့ဆုံပါတယ်။ ယူကရိန်းသမ္မတဟာ ရွေးကောက်ပွဲကို ဝင်နှောက်သူလို့ ရီပတ်ဘလစ်ကင်တွေကစွပ်စွဲနေချိန်မှာပဲ သူက ရုရှားကျူးကျော်စစ် အောင်နိုင်ရေးဆိုင်ရာ သူ့အစီစဉ်တွေကို သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ Stand News သတင်းဌာနက အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen ကို ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ပြီး ယာယီ အယ်ဒီတာချုပ် Patrick Lam ကတော့ လျှော့ရက်နဲ့ အကျဥ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ရက်တွေကြောင့် ထောင်ထဲမှာ ပြစ်ဒဏ် ဆက်ခံစရာ မလိုတော့ပါဘူး။
ဂျပန်နိုင်ငံမှာ အနှစ် ၅၀ နီးပါး သေဒဏ်နဲ့ထောင်ကျခဲ့သူ လက်ဝှေ့သမားဟောင်းကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ အသက် ၈၈ နှစ်အရွယ် Iwao Hakamada ဟာ ၁၉၆၆ ခုနှစ်က လေးလောင်းပြိုင် လူသတ်မှုနဲ့ ၁၉၆၈ ခုနှစ်မှာ သေဒဏ် ချမှတ်ခံခဲ့ရတာပါ။
ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး ပြဿနာသစ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြီး အိမ်ယာ ကဏ္ဍမှာ ကာလအတော်ကြာ ပြဿနာတွေ ကြုံနေရတာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သမ္မတ Xi Jinping နဲ့ တရုတ် ထိပ်တန်း ခေါင်းဆာင်တွေက ဒီကနေ့ ကတိပြု ပြောဆိုပါတယ်။
အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲရေးတောင်းဆိုမှုကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ပယ်ချလိုက်ပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံအပြင် နောက်ထပ် ၈ နိုင်ငံက ၂၁ ရက်ကြာ အပစ်အခတ်ရပ်ထားဖို့ ဗုဒ္ဓဟူးနေ့က အဆိုပြု တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တာဝန်ခံ Md Touhid Hossain က အင်္ဂါနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတော်မတရားပြုမှုတွေနဲ့ အခြား နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအပေါ် ဥရောပသမဂ္ဂက ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ တောင်းဆိုသလို မြန်မာဆိုင်ရာ ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြန်မာ့အရေးမှာ အလွန်အရေးပါတယ်လို့လည်း EU က ပြောပါတယ်။
ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်နဲ့ဘရာဇီးလ်တို့ပြောတာကို မေးခွန်းထုတ်လိုက်ပြီး တခြားနိုင်ငံတွေကသတ်မှတ်ပေးတဲ့ သဘောတူညီချက်တွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇယ်လင်န်စကီးက ပြောလိုက်ပါတယ်။ ကုလအထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က မစ္စတာ ဇယ်လန်စကီးက ပြောခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်