လက်ဘနွန်နိုင်ငံ Beirut (ဘေရွတ်) မြို့တော်မှာ ဒီနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ အစ္စရေးနိုင်ငံဘက်ကို ပစ်ဖို့ ချိန်ထားတဲ့ Hezbollah တို့ရဲ့ ဒုံးပစ်စင်ရာနဲ့ချီကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အစောပိုင်းတုန်းကလည်း ပြောပြပါတယ်။
EU ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ဟာ ဒီနေ့ သောကြာနေ့မှာ ယူကရိန်းနိုင်ငံကို ရောက်သွားပြီး EU အနေနဲ့ ဆောင်တွင်းကာလ ယူကရိန်းကို ကူညီထောက်ပံ့မယ့် အကြောင်းတွေ ဆွေးနွေးမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ Yagi မုန်တိုင်းကြောင့် ရေကြီး မြေပြိုမှုအတွင်း ကလေးငယ် ၆ သန်းနီးပါး ဒုက္ခရောက်နေကြတယ်လို့ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNICEF က ပြောကြားပါတယ်။
Facebook နဲ့ Instagram လူမှုကွန်ရက်မီဒီယာတွေပိုင်တဲ့ Meta ကုမ္ပဏီက အသက် ၁၈ နှစ်အောက် (ဆယ်ကျော်သက်)အရွယ် အသုံးပြုသူတွေရဲ့ အကောင့်တွေမှာ ပိုကောင်းမွန်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှုနဲ့ အုပ်ထိန်းသူမိဘကထိန်းချုပ်နိုင်ခွင့်တွေကို ထည့်သွင်းလိုက်ပါတယ်။
ယူကရိန်းကို စွမ်းအင်ရံပုံငွေ ဒေါ်လာ သန်း ၁၈၀ ပေးမှာဖြစ်ကြောင်း ဒီအထဲက ဒေါ်လာ ၁၁၁ သန်းဟာ ရုရှားဆီထိန်းချုပ်ထားတဲ့ငွေတွေဖြစ်ပြီးရုရှားတိုက်ခိုက်ခံရတဲ့ ယူကရိန်းရဲ့လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ဆောင်းမဝင်ခင် ပြင်းထန်တဲ့အအေးဒဏ်ရင်ဆိုင်နိုင်ဖို့ပေးမှာဖြစ်ကြောင်းEU- ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
စစ်ကောင်စီအတွက် လက်နက်တွေနဲ့ လောင်စာဆီတင်ပို့ပေးတာတွေ ရပ်ဆိုင်းသွားတာမြင်ချင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Barbara Woodward က စက်တင်ဘာ ၁၉ ရက် ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ စက်တင်ဘာ ၂၆ ရက်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သမ္မတအိမ်ဖြူမှာတွေ့ဆုံပြီး ယူကရိန်း- ရုရှား စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိကြောင်းနဲ့ ယူကရိန်းသမ္မတဟာ ဒုသမ္မတဟဲရစ်နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
၂၀၂၄ CJP ကပေးတဲဲ့ သတင်းလွတ်လပ်ခွင့်ဆုရသူတွေဟာ သြဂုတ်လ အကျဉ်းသားလဲလှယ်ရေးအစီအစဥ်နဲ့ ပြန်လွတ်လာတဲ့ VOA- Radio Free Europe/Radio Liberty in Prague ဌာခွဲအယ်ဒီတာ Alsu Kurmasheva၊ ပါလက်စတိုင်းသတင်းထောက် Shrouq Al Aila, ဂွာတီမာလာသတင်းထောက် Quimy de León နဲ့ နိုင်ဂျေးသတင်းထောက် Samira Sabou တို့ ဖြစ်ပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင်နဲ့ ထိုင်း မြန်မာနယ်စပ် တည်ငြိမ်ရေးကို လိုလားတဲ့ ထိုင်းနိုင်ငံအနေနဲ့ အာရှလမ်းမကြီး ပြန်လည်ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံထဲက စစ်ပွဲတွေဖြစ်နေတဲ့ ဘက်အားလုံးနဲ့ အတူတွဲဆောင်ရွက်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂရန်ဖုန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ အရှေ့အလယ်ပိုင်းအရေးကိစ္စကိုဆွေးနွေးဖို့ ပဲရစ်မြို့မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရဖို့နဲ့ အစ္စရေး လက်ဘနွန် နယ်စပ်တင်းမာမှုတွေကနေ ပဋိပက္ခတွေ ပိုကြီးထွားမလာအောင် ကာကွယ်တဲ့အနေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက လက်နက်တိုက်အပါအဝင် Hezbollah အဖွဲ့ရဲ့ နေရာ ၇ ခုကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ လက်ဘနွန်က Hezbollah အဖွဲ့အပေါ် စစ်မျက်နှာသစ်ဖွင့်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်မှာ ခုလိုတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။
တရုတ်ထိန်းချုပ်တဲ့ အင်တာနက်ထိုးဖောက်ဝင်ရောက်သူဟက်ကာတွေက အမေရိကန် အခြေခံအဆောက်အဦတွေ၊ နောက် အင်တာနက် ချိတ်ဆက်ပစ္စည်းမျိုးစုံကို ထိုးဖောက်ထိန်းချုပ်ရေး botnet လှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာမှာ အမေရိကန်က ဖော်ထုတ်နှိမ်နင်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်