လက်ဘနွန်နိုင်ငံမှာ Hezbollah အဖွဲ့ဝင် အများစုကိုင်ဆောင်တဲ့ Pager အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့က တပြိုင်တည်း ပေါက်ကွဲတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး၊ ၂,၈၀၀ ဒဏ်ရာရသွားခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စရေးရဲ့ လက်ချက်လို့ Hezbollah နဲ့ လက်ဘနွန်အစိုးရတို့က စွပ်စွဲလိုက်ပါတယ်။
ဝန်ကြီး Blinken ဟာ ဒီနေ့ပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာနယ်စပ်လုံခြုံရေးနဲ့ ပါလက်စတိုင်းဘက်ခြမ်းမှ Rafah ဒေသ ဖြတ်ကျော်စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဘယ်အပြောင်းအလဲကိုမှာ လက်ခံမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ရေဘေးဒဏ်အပါအဝင် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေအတွက် ဆုတောင်း မေတ္တာ ပို့ပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စားသောက်ကုန် ထုပ်ပိုးပြင်ဆင်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်း ၃,၆၀၀ ကျော်ကို လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာတွေ့ရှိရပြီး တချို့က ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ အင်္ဂါနေ့မှာ ထွက်လာတဲ့လေ့လာချက်တခုက ဆိုပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေဟာ ထုတ်လုပ်ရေးဖြစ်စဥ် ကလည်းလာနိုင်သလို မီးဖိုချောင်တွေကလည်း လာနိုင်ပါတယ်။
မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်တဲ့တိုင်းပြည်တချို့မှာ ရေကြီးတာကြောင့် မြေကိုက်တဲ့အန္တရာယ်က ပိုကြီးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ နှစ်တိုင်း လူ ၂ သန်း ၇ သိန်း လောက် မြွေကိုက်ခံနေကြရပြီး ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးနေရတယ်လို့ WHO က ခန့်မှန်းပါတယ်။
နိုင်ငံရေးအရ ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီးပျံသန်းတဲ့ အမေရိကန်လေယာဥ်ကို တရုတ်တိုက်လေယာဥ်တွေက နောက်ကနေ ကပ်လိုက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်းဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကာကွယ်မယ်လို့လည်း တရုတ်စစ်တပ်က ပြောလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ ပေဂျာ (Pager) လို့ခေါ်တဲ့ အရေးပေါ် အချက်ပေးသတင်းပို့ကိရိယာတွေ အင်္ဂါနေ့က တပြိုင်တည်းပေါက်ကွဲလို့ ၈ ယောက်သေ ၂,၇၀၀ ဒဏ်ရာရသွားခဲ့ကြတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးကပြောသလို ဒဏ်ရာရသူတွေထဲ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေလည်းပါပြီး အစ္စရေးရဲ့ လက်ချက်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအခြေအနေတွ ကျဆင်းလာတယ်လို့ အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathumbaen ဆေးရုံမှာ ထိုင်းနဲ့ မြန်မာ မိသားစု နှစ်ခုအကြား မွေးကင်းစ ကလေးချင်း မှားပြီးပေးလိုက်မိတဲ့ အတွက် ဆေးရုံက နှစ်ဖက် မိဘတွေကို နစ်နာကြေးပေးဖို့ သဘောတူလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။
ဂျာမနီနိုင်ငံတွင်းဝင်ရောက်တဲ့ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းအရေအတွက်တွေကို လျှော့ချနိုင်ဖို့ ဂျာမနီနိုင်ငံကို နယ်စပ်တလျှောက်မှာ စတင် စစ်ဆေး စိစစ်နေပါပြီ။ ဂျာမနီနဲ့နယ်ချင်းစပ်နေတဲ့ နိုင်ငံအတော်များများကတော့ ဒီအစီအစဉ်ကို ဝေဖန်ပြစ်တင်ပါတယ်။
တနင်္လာနေ့မနက်ပိုင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Bebinca ဝင်ရောက်တိုက်ခတ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်