မော်စကိုမြို့ ဗြိတိန်သံရုံးက သံတမန် ၆ ယောက်ကို သူလျှိုလုပ်တယ်၊ အဖျက်အမှောင့် လုပ်ရပ်တွေလုပ်တယ်လို့ဆိုပြီး သံတမန်အဖြစ် တရားဝင်အသိအမှတ်ပြုမှုကို ရုတ်သိမ်းတယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာနက ဒီနေ့ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၃ ရက်၊ ဒီကနေ့ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကြီးနေတဲ့အတွက် အိမ်တွေမှာ ပိတ်မိနေသူတွေဆီကို အစားအစာနဲ့ သောက်သုံးရေ အမြန်ဆုံး ပေးဖို့ကြနဲ့ ကူညီရေး ဆောင်ရွက်နေသူတွေလည်း ဘေးအန္တရာယ်ကင်းအောင် သတိထား လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ Australia၊ ဂျပန်နဲ့အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စက်တင်ဘာလ ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ်မှာ ကျင်းပမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တာ အတွက် အထူး အံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြေညာချက်ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ဩဂုတ်လကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေကြောင့် ဩဂုတ်လကစလို့ အနည်းဆုံး လူပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း ၆ ဦး မနေ့က သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် အကြီးအကျယ် ဒေါသထွက်မိတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borell ဒီနေ့ ပြောကြားလိုက်ပါတယ်။
"မိသားစုတွေ အကြွေးတင်နေတဲ့အခက်အခဲတွေ၊ ဝင်ငွေ၊ နေစရိတ် စားစရိတ်ကိစ္စတွေ၊ လူမှုဖူလုံရေးနဲ့ ဘေးကင်းစွာနေထိုင်နိုင်ရေးလို ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်" လို့ ထိုင်းဝန်ကြီးချုပ်သစ်က ပြောသွားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲ အကျဉ်းစခန်းတခုမှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသား ၁၄၀ ကျော်ဟာ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ အစာငတ်ခံဆန္ဒပြနေကြတယ်လို့ သူတို့ကို အကူအညီပေးနေသူတွေက ပြောပါတယ်။ လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်တာ ကြောင့် အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄ ဦးအထိ ရှိသွားပြီး လူနေအိမ် ထောင်နဲ့ချီလည်း ရေတွေ မြုပ်နေတယ်လို့ ထိုင်းအစိုးရက ဒီကနေ့ ပြောကြားလိုက်ပြီး ဘေးသင့်သူတွေကို ကူညီဖို့ စစ်တပ်ကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
စင်ကာပူယဉ်ကျေးမှုဝန်ကြီး Edwin Tong အပါအဝင် စင်ကာပူအကြီးတန်းအရာရှိတွေက ချန်ဂီလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေး ၄ ယောက်က စင်ကာပူနိုင်ငံရဲ့ တရားဝင်ဘာသာစကားတွေဖြစ်တဲ့ မလေး၊ အင်္ဂလိပ်၊ တမီးလ်နဲ့ မန်ဒရင်း တရုတ်ဘာသာစကားတွေအသီးသီးနဲ့ ကြိုဆိုခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ရဲ့ တချို့နေရာတွေမှာ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပြင်းထန်နေတဲ့အတွက်ကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ၅ ရက်ကြာဖြတ်တောက်လိုက်သလို၊ အကန့်အသတ်မရှိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်