ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီး မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မနေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်မယ်လို့ မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အပြင် ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Kyiv မြို့ကို သွားရာက်တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မီဒီယာသမားတွေကို အကူအညီပေးမယ့် အစီအစဉ်တခုကို ပြင်သစ်နိုင်ငံက နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။
သမ္မတသစ် Prabowo Subianto က ကျမ်းသစ္စာကျိန်ဆိုပြီး နာရီအတော်ကြာမှာ အင်ဒိုနီးရှားသမိုင်းမှာ အကြီးဆုံး အစိုးရအဖွဲ့အဖြစ် ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ဝန်ကြီးဌာနအဆင့် အစိုးရအဖွဲ့အစည်းအသီးသီးတို့ရဲ့ ဦးစီးခေါင်းဆောင်အစရှိတဲ့ အဖွဲ့ဝင် ၁၀၉ ယောက် ပါတဲ့ အစိုးရအဖွဲ့ကို တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားခဲ့တဲ့အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ်အဖြစ် Prabowo Subianto ဒီကနေ့ပဲ ကျမ်းသစ္စာကျိန်ဆို လိုက်ပါတယ်။ ရိုးရာဝတ်စုံ ဝတ်စားထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Subianto လွှတ်တော်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပြီး ကမ္ဘာမှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တာပါ။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို စောင့်ကြည့်သွားမယ့် အဖွဲ့တဖွဲ့ကို အမေရိကန်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့အပေါ် ဥပဒေမဲ့ တရားဝင်မှုမရှိတဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ဒီကနေ့ပဲ ဝေဖန်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၀၀ ကျော်ကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ထိမှန်ရာက လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
အီရန် ဦးဆောင်ပြီး ရုရှားနဲ့ အိုမန်တို့ ပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်ခဲ့ပြီး လေ့လာသူတွေ အဖြစ် နိုင်ငံပေါင်း ၉ နိုင်ငံက တက်ရောက်ခဲ့ကြကြောင်း အီရန်အစိုးရ ရုပ်သံမှာ ဖေါ်ပြပါတယ်။
အရှေ့ အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်၊ ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ဖိအားတွေ တိုးလာနေချိန်မှာ ကမ္ဘာ့လုံခြုံရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ကာကွယ်ရေးဝန်ကြီးတွေ ဒီကနေ့ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်