အစ္စရေးနိုင်ငံ အလယ်ပိုင်းမြို့တမြို့အပေါ် ဒီနေ့ စနေနေ့ မနက်အစောပိုင်းက လက်ဘနွန်ဘက်ကနေ တရစပ်တိုက်ခိုက်မှုအတွင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မနက်လင်းအားကြီးအချိန်မှာ Tira မြို့ တိုက်ခိုက်ခံရတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က X လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
စပိန်နိုင်ငံမှာ လူပေါင်း ၂၁၀ ထက်မနည်း သေဆုံးတဲ့အထိ သမိုင်းဝင် ရေကြီးခဲ့တဲ့ Valencia ဒေသကို တပ်ဖွဲ့ဝင် ၁ သောင်းကျော် စေလွှတ်မယ်လို့ ဝန်ကြီးချုပ်က ဒီနေ့ ကြေညာပါတယ်။
ရုရှားကို တပ်သား ၈,၀၀၀ လောက်စေလွှတ်ထားတဲ့ မြောက်ကိုရီးယားက သူတို့ဟာ ယူကရိန်းစစ်ပွဲအောင်နိုင်ချိန်အထိ ရုရှားကို အထောက်အကူပေးမှာဖြစ်ကြောင်း မော်စကိုကိုရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က ပြောပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံသစ် ဖြစ်လာတာအတွက် ချီးကျူးပြောဆိုခဲ့ကြတာပါ။
စပိန်နိုင်ငံ အရှေ့ပိုင်းဒေသ Valencia ဗလန်းစီယာ တောင်ပိုင်းမြို့ရွာ အများအပြားမှာ လွန်ခဲ့တဲ့ ၃ ရက်က မကြုံစဖူး ရုတ်တရက် ရေလွှမ်းသွားတဲ့အတွက် သောကြာနေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၀၅ ယောက်နဲ့ ပျောက်ဆုံးသူ အများအပြား ရှိနေပါတယ်။
အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို အမေရိကန်က စောင့်ကြည့်နေတာဖြစ်ပြီး ဒီ ၂ နိုင်ငံရဲ့ လတ်တလော ဒေသတွင်း စစ်ရေးပူးပေါင်းလှုပ်ရှားမှုတွေမှာ စိုးရိမ်ရတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ အာတိတ်ဒေသဆိုင်ရာ အမေရိကန် သံမှူး Michael Sfraga က ပြောပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ရေး၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ရေးနဲ့၊ အာကာသလုံခြုံရေးဆိုင်ရာ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးတွေကို EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ ဂျပန်နိုင်ငံခြားဝန်ကြီး Takeshi Iwaya တို့ Tokyo မြို့တော်မှာ လက်မှတ်ထိုး သဘောတူခဲ့ကြပါတယ်
ကြာသပတေးနေ့က Metula မြို့ဘက်ကို ပစ်ခတ်လိုက်တဲ့ Rocket ဒုံးကျည်ကြောင့် ထိုင်း ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ် အင်မတန်ဝမ်းနည်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က X လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားခဲ့ပါတယ်။
တရားမဝင်ကုန်ပစ္စည်းရောင်းချမှုကို တားဆီးဖို့ပျက်ကွက်တယ်ဆိုတဲ့သံသယနဲ့ တရုတ်အွန်လိုင်း အရောင်းကုမ္ပဏီ Temu ကို စုံစမ်းစစ်ဆေးနေတယ်လို့ အီးယူ-ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ချင်းပစ် ပဲထိန်းတပ်ဒုံးလက်နက်တခုကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့အပေါ် ဂျပန်နဲ့တောင်ကိုရီးယားတို့ အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။
ကမ္ဘာအဝှမ်း မီဒီယာသမားတွေကိုသတ်ဖြတ်မှုမှာ ကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံစာရင်းကို CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီကထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကအဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေပြီး ၂၀၂၄ အတွင်း ထက်မြတ်သူ၊ ဝင်းထွဋ်ဦးနဲ့ မြတ်သူထွန်းစတဲ့ သတင်းထောက် ၃ ဦး အသတ်ခံရမှုကို CPJ က ဖော်ပြထားတာပါ။
နောက်ထပ်ကြည့်ရှုရန်