ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေ
အကျဉ်းကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေ အစ္စလာမာဘတ်မြို့တော်မှာ ဆန္ဒပြဖို့ စီစဉ်နေချိန်မှာပဲ လုံခြုံရေး စိုးရိမ်ရတဲ့နေရတွေလို့ဆိုတဲ့ နယ်မြေတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ပျောက်ဆုံးသွားတဲ့ အစ္စရေး၊ မော်ဒိုဗာ ဂျုးဘာသာရေးဆရာ အသတ်ခံထားရတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ အကျည်းတန်တဲ့ ဂျုးဆန့်ကျင်ရေး အကြမ်းဖက် လုပ်ရပ်အဖြစ် အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံ Amman မြို့တော်က လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ အစ္စရေးသံရုံးအနီး ဒီကနေ့ အစောပိုင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သေနတ်သမားတဦး သေဆုံးပြီး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင်မီဒီယာက ပြောလိုက်ပါတယ်။
အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပထမ မူဝါဒသိပ္ပံ AFPI ရဲ့ ဥက္ကဌဖြစ်သူ Brooke Rollins ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ယူကရိန်းဟာ ဩဂုတ်လအတွင်းက သူတို့ လျှပ်တပြက် ဝင်ရောက် သိမ်းယူနိုင်ခဲ့တဲ့ ရုရှားနိုင်ငံ ကာ့ခ်စ် (Kursk) ဒေသထဲက နယ်မြေ ၄၀ ရာခိုင်နှုန်းကျော် ပြန်လည် ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းစစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။
ရုရှားမှာရောက်နေတဲ့ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား တပ်သားတွေဟာ မကြာခင်မှာပဲ ယူကရိန်းကို တိုက်ခိုက်မှုမှာ ပါဝင်လာတော့မယ်လို့ အမေရိကန်က ခန့်မှန်းထားကြောင်း ကာကွယ်ရေးဝန်ကြီး Lloyd Austin က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အခြေနေတွေ တင်းမာမှု တိုးလာနေချိန်မှာပဲ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken အီတလီကို သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ NATO အတွင်းရေးမှုးချုပ်သစ် မာ့ခ်ရူတာ (Mark Rutte) ဟာ သောကြာနေ့က ဖလော်ရီဒါပြည်နယ် Palm Beach မှာ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တယ်လို့ NATO အဖွဲ့ပြောခွင့်ရ Farah Dakhlallah က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပထမ မူဝါဒသိပ္ပံ AFPI ရဲ့ ဥက္ကဌဖြစ်သူ Brooke Rollins ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ အမေရိကန် တောင်သူလယ်သမားတွေကို အကာကွယ်ပေးဖို့ ဦးဆောင်နိုင်မှာဖြစ်ကြောင်း ထရမ့်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်