ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေဆီ ကုန်ကူးခံရမယ့် တရုတ်ကမ္ဘာလှည့်ခရီးသွား ၅ ဦးကို ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာပဲ ထိုင်းရဲတွေက စစ်ဆေးရင်းတွေ့ရှိလို့ ကယ်တင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး အခုထက်ထိ ကြုံရနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်တယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးက ပြောကြားလိုက်ပါတယ်။
အစောပိုင်းက အီရန်ကို တိုက်ခိုက်မယ့် အစ္စရေး ရဲ့ အစီအစဥ်ပေါက်ကြားမှု နဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတဦးကို တရားစွဲဆိုလိုက်ပါတယ်။ Asif William Rahman ကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ကမ္ဘောဒီးယား မှာ ဒီအပတ်အတွင်း ဖမ်းဆီးလိုက်တာပါ။
အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားနိုင်ငံအတွင်းကအဖွဲ့ကို မနေ့ နိုဝင်ဘာ ၁၂ ရက် နေ့က ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ Hat Yai ခရိုင်ထဲမှာ မလေးရှားနိုင်ငံကိုအလုပ်သွားလုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်းရဲတွေက မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ဂါဇာက သွေးထွက်သံယို ပဋိပက္ခတွေ တနှစ်ကျော်ကြာလာချိန်ထိ ဟားမတ် စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစားခံတွေ ပြန်လွတ်လာတာကိုလည်း တွေ့မြင်လိုတယ်လို့လည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhuhai မြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေသူ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦးဒဏ်ရာရရှိသွားတယ်လို့ တရုတ်ရဲ့ တပ်ဖွဲ့တာဝန် ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ရုရှားနဲ့တရုတ်နိုင်ငံတွေကိုထိန်းချုပ်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းမှုမှန်သမျှကို တန်ပြန်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး အဓိကတာ၀န်ဖြစ်ကြောင်း ဘေဂျင်းကိုရောက်နေတဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu (ဆာဂျီ ရှိုဂူ) က တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူပြည်နယ်ကရဲစခန်းတခုကို မနေ့က ကူကီးလူမျိုးစုတွေဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်လောက် သေဆုံးသွားတဲ့အကြောင်း ခရိုင်အရာရှိတွေက ပြောပါတယ်။
ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ လာမယ့် နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ လက်ဝှေ့ထိုး ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်