ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုပေမဲ့ “ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လောင်းကစားနဲ့ အွန်လိုင်းရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၄၀ ကို ကမ္ဘောဒီးယားနိုင်ငံကနေ ဒီကနေ့ပဲ ပြန်ပို့လိုက်ပြီး နောက်ထပ် ၅၀၀ ကျော် ထပ်ပို့ဖို့လည်း စီစဉ်နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပါတယ်။
အပစ်ရပ် သဘောတူညီချက်အရ လက်ဘနွန် တောင်ပိုင်းကို သူ့တပ်တွေ ပိုပြီး စေလွှတ်နေတယ်လို့ လက်ဘနွန် စစ်တပ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်သလို၊ ဂါဇာမှာလည်း အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအတွက် လာမယ့်ရက်တွေမှာ နောက် တွန်းအားတရပ် ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လူမှုမီဒီယာမှာ ပြောလိုက်ပါတယ်။
"တနိုင်ငံက အခြားတနိုင်ငံအပေါ် အခွန်တိုးမြှင့်ရင် အခြားတနိုင်ငံကလည်း အလားတူ တုံ့ပြန်မှာပါပဲ။ ဒီလိုနဲ့ နှစ်နိုင်ငံလုံးရဲ့ စီးပွါးရေး လုပ်ငန်းတွေ အပေါ် အန္တရာယ် ကျရောက်လိမ့်မယ်" လို့ သူမက သတိပေးလိုက်ပါတယ်။
မလေးရှားနိုင်ငံ ဘဏ္ဍငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတို့ကို စွဲထားတဲ့အမှုတချို့ကို ပ,လပ်ဖို့ ကွာလမ်လမ်ပူ အထက်တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဥရောပသမဂ္ဂ (EU) အနေနဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်ဖို့ ကာကွယ်ရေးနဲ့စီးပွားရေးတိုးမြှင့်ဖို့ကို အချိန်ဆွဲမနေဘဲ အလျင်အမြန်လုပ်ဆောင်ဖို့လိုတယ်လို့ နောက်တကြိမ်သက်တမ်းအတွက် ထပ်မံ ရွေးချယ်ခံလိုက်ရတဲ့ EU အကြီးအကဲ Ursula von der Leyen က ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဥရောပ လွှတ်တော်မှာ သတိပေးပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ ရှေ့နေချုပ် Karim Khan က ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
ဟောလီးဝုဒ်ရဲ့ နာမည်ကျော် TCL တရုတ်ရုပ်ရှင်ရုံကြီးကို ပါရာမောင့် ရုပ်ရှင်ကုမ္ပဏီရဲ့ 'Gladiator II' ရုပ်ရှင်ကားသစ် ရုံတင်ဖို့ ရုပ်ရှင်ထဲက ဇာတ်လမ်းနဲ့ လိုက်အောင် ရောမခေတ်ပုံစံ ပြောင်းလဲပြင်ဆင်ထားပါတယ်။
ထောင်ကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား မြို့တော် အစ္စလာမ္မာဘတ်မှာ အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ တဒါဇင် သေဆုံးခဲ့တဲ့ အထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။
မြန်မာအပါအဝင် အာဖဂန်၊ လက်ဘနွန်၊ တောင်ဆူဒန်၊ ဆီးရီယား၊ ယူကရိန်း စတဲ့ နိုင်ငံတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သားတွေ အတိုက်ခိုက်ခံရတာ ထိခိုက်ဒဏ်ရာရတာ ပြန်ပေးဆွဲခံရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။
အစ္စရေးလ်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတို့ကြား အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ကြိုဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်" သူက ပြောဆိုတာပါ။
နောက်ထပ်ကြည့်ရှုရန်