ထိုင်းနိုင်ငံ Surat Thani မှာ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကုန်ကားကို ထရပ်ကား တစီးနဲ့ တိုက်မိရာက မြန်မာ အလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် ထုတ် ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ အိန္ဒိယ အင်ဒိုနီးရှားနဲ၊ လာအို၊ ဇင်ဘာဘွေ စတဲ့ နိုင်ငံတွေနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဘက်ပေါင်းစုံ၊ နှစ်ဖက် အကျိုးစီးပွားနဲ့ စစ်မှန်တဲ့ဆက်ဆံရေး ဖြစ်သလို အပြန်အလှန်လေးစားမှုနဲ့ အချုပ်အခြာပိုင် အကျိုးစီးပွားတွေကို အခြေခံတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင် အဓိကကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်ကနေ ကူညီဖို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်တွေနဲ့ ယူကရိန်းတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အင်္ဂါနေ့မှာ ပြောပါတယ်။
စစ် ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခ ကြုံနေကြရတဲ့ တိုင်းပြည်တွေမှာ သတင်းသမားတွေ အတိုက်ခိုက်ခံနေရပေမဲ့ အရေးယူမခံရ လွတ်နေကြပါတယ်။ မကြာခင်နှစ်တွေ အတွင်း အသတ်ခံရတာ အများစုကိုလည်း မဖြေရှင်းနိုင်သေးဘူး လို့ စောင့်ကြည့်နေကြတဲ့ အစုအဖွဲ့တွေက ပြောကြပါတယ်။
တနင်္လာနေ့ နှောင်းပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခု အတွင်းမှာ Beit Lahiya က နေရပ်စွန့်ခွာ ထွက်ပြေးသူ မိသားစုတွေ ခိုလှုံရာ အိမ်တလုံးကို ထိမှန်တာကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး LDC လို့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။
ကနေဒါနိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတခုကို Sikh ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္လာနေ့က ရှုတ်ချလိုက်ပါတယ်။
ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားနဲ့ EU ဥရောပသမဂ္ဂ တို့က ပူးတွဲ ရှုတ်ချလိုက်ကြပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။
စပိန်ရေဘေးဒုက္ခသည်တွေ ဘုရင်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ စပိန်နိုင်ငံမှာ ရေဘေးဒုက္ခကြုံခဲ့ရတဲ့လူမှုအသိုက်အဝန်းကို ပြန်လည်ထူထောင်ရေး မျှော်လင့်ချက် ထားဖို့ စပိန်ဘုရင် Felipe VI က ကတိပေးပါတယ်။ စပိန်မှာ မကြုံစဖူး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်