မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး LDC လို့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။
ကနေဒါနိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတခုကို Sikh ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္လာနေ့က ရှုတ်ချလိုက်ပါတယ်။
ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားနဲ့ EU ဥရောပသမဂ္ဂ တို့က ပူးတွဲ ရှုတ်ချလိုက်ကြပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။
စပိန်ရေဘေးဒုက္ခသည်တွေ ဘုရင်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ စပိန်နိုင်ငံမှာ ရေဘေးဒုက္ခကြုံခဲ့ရတဲ့လူမှုအသိုက်အဝန်းကို ပြန်လည်ထူထောင်ရေး မျှော်လင့်ချက် ထားဖို့ စပိန်ဘုရင် Felipe VI က ကတိပေးပါတယ်။ စပိန်မှာ မကြုံစဖူး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။
အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပါအဝင် တခြားသဘောတူညီချက်တွေကြောင့် ဖြစ်နေရတဲ့ အခြေအနေ အကျိုးဆက်တွေနဲ့ အာဆီယံရဲ့ ရပ်တည်မှုကို ထုတ်ဖေါ်ထင်ဟပ်ပြသထားတဲ့ အကြောင်းအရာကို အဓိကထား ရေးဆွဲထားကြတဲ့ ကာတွန်းနဲ့ ရုပ်ပြပြိုင်ပွဲနဲ့ ပြပွဲကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
စစ်သုံ့ပန်းလဲလှယ်မယ့် အစီအစဉ်ကို ယူကရိန်းက ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ ရုရှားက စွပ်စွဲလိုက်ပြီးနောက် လဲလှယ်ဖို့ အသင့်ဖြစ်နေတဲ့ ယူကရိန်းအကျဉ်းသား စာရင်းကိုပေးဖို့ ယူကရိန်းက ဒီနေ့ပဲ ရုရှားကို တောင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီးက ကတိပြုထားချိန်မှာပဲ စနေနေ့က အစ္စရေး အလယ်ပိုင်းဒေသ အတိုက်ခိုက်ခံခဲ့ရပြီး Tira မြို့ကလေးမှာတော့ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးရေတပ်က လယ်ဘနွန်မြောက်ပိုင်းမှာ ဟက်ဇ်ဘိုလာ (Hezbollah) အကြီးတန်း စစ်ရေးတာဝန်ရှိသူ တဦးကို ဖမ်းမိခဲ့တယ်လို့ အစ္စရေး စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
ရုရှားကိုရောက်နေတဲ့ မြောက်ကိုရီးယားတပ်သားတွေကို စောင့်ကြည့်မနေပဲ ယူကရိန်း စစ်မြေပြင်ကို ရောက်မလာခင် အရေးယူဆောင်ရွက်ကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေကို သတ်ဖြတ်သူတွေ တာဝန်ခံ တာဝန်ယူမှု ရှိအောင် လုပ်ဖို့ ခက်ခဲစေ ကြောင်းနဲ့ အထူးသဖြင့် မြန်မာ၊ ယူကရိန်းနဲ့ အစ္စရေး မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သတင်းထောက်တွေကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်