လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့လယ်က လူနေအဆောက်အဦးတခုလုံး ပြိုကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့သလို၊ မြို့ခံတွေ တော်တော်လေး တုန်လှုပ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။
လာအိုနိုင်ငံ Vang Vieng (ဗန်ဗီရန်း) မြို့မှာ မက်သနော အဆိပ်သင့်ပုံရလို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၆ ဦး သေဆုံးခဲ့ရမှုအတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်တယ်လို့ လာအိုအစိုးရက ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတ (Ferdinand Marcos Jr.) ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အသက်အန္တရယ် ခြိမ်းခြောက်ခံနေရတဲ့အတွက် လုံခြုံရေး အထူးကြပ်မတ်ထားတယ်လို့ သမ္မတအိမ်တော်ကနေ ဒီကနေ စနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အသစ်တမျိုးနဲ့ ရုရှားက ယူကရိန်းရဲ့ အလယ်ပိုင်းက နီပရို (Dnipro) မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ NATO နဲ့ ယူကရိန်းတို့ဟာ လာမယ့် အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ အရေးပေါ် စည်းဝေးကြဖို့ ရှိနေပါတယ်။
Mpox လို့ အတိုကောက်ခေါ်တဲ့ Monkeypox မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေတရပ် အဖြစ် ဆက်လက်တည်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ ကြေညာပါတယ်။
၂၀၂၄ ခုနှစ်ဟာ မှတ်တမ်းစတင်ပြုစုတဲ့ ၁၉၉၇ ခုနှစ်ကစလို့ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းတွေ သေဆုံးမှု အများဆုံးနှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံးက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး အများစုဟာ ဂါဇာပဋိပက္ခမှာ သေဆုံးကြတာလို့ ဆိုပါတယ်။
မြန်မာမြောက်ပိုင်းအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ မနှစ်ကစလို့ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေလက်တွဲပြီး မသင်္ကာသူ တရုတ်နိုင်ငံသား (၅၃,၀၀၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကိုကိုးကားပြီး ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း အာဖဂန်နစ္စတန် နယ်စပ်က Kurram ဒေသမှာ အကြမ်းဖက်သမားတွေက ခရီးသည်ယာဉ် အများအပြားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင် တွေက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်က သူတို့ရဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးတွေကို ရုရှားပိုင်နက် အတွင်းပိုင်းအထိ ယူကရိန်းပစ်ခတ်ဖို့ ပေးပို့တာကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားက သူ့ရဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံး အသစ်နဲ့ ယူကရိန်းရဲ့ Dnipro မြို့ကို ပစ်မှတ်ထားပစ်ခတ်ခဲ့ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။
အမေရိကန် ကိုယ်စားလှယ် Amos Hochstein ဟာ လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် တိုက်တွန်းဖို့ ကြာသပတေးနေ့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်