ထိုင်းနိုင်ငံအလယ်ပိုင်း Prachinburi က စက်မှုဇုံမှာရှိတဲ့ စက်ရုံတခုမှာ မတော်တဆ ပေါက်ကွဲမှုဖြစ်ရာက အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်က Mossad ထောက်လှမ်းရေးဌာနရုံးချုပ်နားက ဘတ်စ်ကားမှတ်တိုင်မှာ ဒီကနေ့ ထရပ်ကားတစင်းက ဝင်တိုက်တာကြောင့် ၃၅ ယောက် ဒဏ်ရာရသွားတယ်လို့ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရုရှားနိုင်ငံ အတွင်းပိုင်းကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို သုံးခွင့်ပြုဖို့ အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့က လက်ခံလိုက်မယ်ဆိုရင်၊ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်မယ်လို့ ရုရှားသမ္မတ Vladimir Putin က သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံကို စနေနေ့ညက တိုက်ခိုက်မှုတွေမှာ စစ်ရေးရည်မှန်းချက်တွေအတိုင်း အောင်မြင်မှုရခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန်က အသုံးပြုတဲ့ မစ်ဇိုင်းဒုံး ထုတ်လုပ်တဲ့ နေရာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက စစ်ပွဲတွေဒဏ်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေး သန်း ၆၀၀ ကျော် ရှိနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။ ဒီအထဲမှာ ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားဖို့လည်း ပါဝင်ပါတယ်။
ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။
အီရန်က စစ်ရေးပစ်မှတ်တွေအပေါ် အတိအကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ စနေနေ့ မနက် ၂ နာရီခွဲလောက်မှာ တိုက်ခိုက်မှုတွေကြောင့် တဟီရန်မြို့တော်အထိ ပေါက်ကွဲသံတွေကြားခဲ့ကြရပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ကြမယ့် သမ္မတလောင်းတွေရဲ့ စည်းရုံးမဲဆွယ်ရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ ခိုးယူနိုင်အောင် တရုတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာတွေက အမေရိက န်ဆက်သွယ်ရေးစနစ်တွေထဲကို ထိုးဖောက်ခိုးဝင်ခဲ့ကြတယ်လို့ အမေရိကန် လုံခြုံရေးဌာနတွေက ပြောလိုက်ကြပါတယ်။
အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်း ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ဖေါ်ပြပါတယ်။ အီရန် စစ်ရေးပစ်မှတ်ကို ပစ်ခတ်နိုင်ခဲ့တယ် ပြောပေမယ့် အသေးစိတ်မပြောပါဘူး။
အစ္စရေးနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကြား အရေးတကြီး လုပ်ဆောင်ရမှာက သံတမန်ရေးနဲ့ အဖြေရှာဖို့ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်လက်ခံဖို့ စစ်ရေးအရ ဖိအားတွေ ဆက်ပေးနေချိန်မှာ ထိုင်ဝမ်အနေနဲ့ သူ့နယ်မြေ တလက်မ ကိုတောင်မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Lai Ching-te က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်