မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံမှာ NUG အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ ဒီမနက် တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒုတိယသမ္မတသက်တမ်းအဖြစ် ပြန်တာဝန်ယူပြီး မူဝါဒအပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ Donald Trump လက်ထက် မြန်မာနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ရိုက်ခတ်ချက်တွေနဲ့ ပက်သတ်ပြီး အမေရိကန်နိုင်ငံခြားရေး စောင့်ကြည့်အကဲခတ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ပါတယ် ဒီလို စစ်ရေးပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း မြန်မာအမျိုးသမီးသမဂ္ဂ BWU က တောင်းဆိုလိုက်ပါတယ်။
မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ်အနေနဲ့ မြန်မာနိုင်ငံကို ဒီအပတ်ထဲ သွားဖို့ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အခု မလေးရှားက အာဆီယံဥက္ကဌဖြစ်လာချိန် ဒီအထူးသံရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးနိုင်မယ့် အကြောင်းအရာတွေနဲ့ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။
“Funding က HIV နဲ့ TB ကိုလည်း အများဆုံး ဆေးကုဖို့ပေးနေတာဖြစ်တဲ့အတွက်ကြောင့် HIV ဆေး တွေ ပြတ်သွားရင် သူတို့က ဒုက္ခတွေရောက်မယ်၊ တီဘီဆေးပြတ်သွားလို့ရှိရင် multi-drug resistance တွေ ဖြစ်လာနိုင်တယ်။" (ဒေါက်တာ စင်သီတင်ဦး- ယခင် Relief International/Save the Children )
မြန်မာစစ်ကောင်စီကို ရေနံတွေရောင်းချနေတယ်လို့စွပ်စွဲခံရတဲ့ စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို စင်္ကာပူ စတော့ရှယ်ယာဈေးကွက်မှာ ရောင်းချမှုရပ်ထားဖို့ တောင်းဆိုထားပါတယ်။
၁၉၈၈ ခုနှစ်မြန်မာနိုင်ငံတဝန်းဖြစ်ခဲ့တဲ့ လူထုအုံကြွမှုဖြစ်ချိန်မှာ ရေးသားခဲ့တဲ့ နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး” သီချင်းကတော့ ခုချိန်ထိ လူထုလှုပ်ရှားမှု သီချင်းတပုဒ်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ၂၀၂၁ ခု၊ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာလည်း ပြည်သူလူထုကြုံတွေ့ရတဲ့အခက်အခဲတွေကို လူသိရှင်ကြားလေ့ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် လမ်းကို စစ်ကောင်စီဘက်က သွားလာခွင့် ပြန်ပိတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့မှာလည်း လုံခြုံရေးတွေတိုးမြှင့်နေပြီး တရုတ် လုံခြုံရေးတပ်ဖွဲ့တချို့လည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်တဲ့ Othman Hashim အနေနဲ့ မြန်မာနိုင်ငံကို ဒီအပတ်ထဲ သွားဖို့ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ အရင် လာအိုဥက္ကဌဖြစ်စဉ်က အထူးကိုယ်စားလှယ်လိုမျိုး အပစ်ရပ်အဖွဲ့တွေနဲ့တွေ့ဖို့ဖိတ်ထားတာမရှိသေးဘူးလို့ နီးစပ်သူတွေ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပေါင်းစုံ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့နယ်အတွင်းမှာ လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာ၊ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ်လုပ်လာနေ တာကြောင့် ရခိုင်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက လာရောက်နေထိုင်ကြတဲ့ လူငယ်တွေ ရန်ကုန်မြို့ကနေ ထွက်ခွာ ဖို့ကြိုးလာကြတာပါ။
နောက်ထပ်ကြည့်ရှုရန်