မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူနည်းစုတွေအပေါ် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်နေမှုတွေကို ဘာသာရေး အကြီးအကဲတွေက အထောက်အထားတွေနဲ့ တင်ပြဆွေးနွေးခဲ့ပါတယ်။
ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိတာကြောင့် ဥရောပက ဒီမိုကရေစီအားပေးတဲ့ နိုင်ငံတွေနဲ့ မြန်မာ့အရေးကို လက်တွဲဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ တအာင်းအဖွဲ့လို့ သိကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း TNLA က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ရောက်နေကြပါတယ်။
အမေရိကန်အတွက် အင်ဒိုပစိဖိတ်မှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အိန္ဒိယက အရေးပါပြီး မြန်မာ့ပဋိပက္ခမှာ အိန္ဒိယရဲ့ လုံခြုံရေးဦးစားပေးမှုတွေကို နောက်က ပံ့ပိုးတာမျိုး လုပ်နိုင်တယ်လို့ National War College ပါမောက္ခ Zachary Abuza က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အကြောင်းမှာ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူးလွန်မှု သက်သေအခိုင်အမာရှိတာကြောင့်လို့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ ရှေ့နေ Quintana ကို မအင်ကြင်းနိုင် မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အမှု စွဲချက် တင်ခံထားရတဲ့ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဓိကထား ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အာဂျင်တီးနားတရားရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ်က အွန်လိုင်း ငွေလည်ဂိုဏ်းတွေကို ချေမှုန်းဖို့ ကျားဖြန့်လုပ်ငန်းနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကိုဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေပြီလို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ပြောဆိုခဲ့ပြီးနောက် မြဝတီမှာ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့ပါတယ်။
ဆွစ်ဇာလန်အခြေစိုက် Insecurity Insight သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ မှတ်တမ်းတွေမှာ ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၄၈ ခု ပျက်စီးခဲ့သလို ဆေးပေးခန်း၊ ဆေးရုံတွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် မဟုတ်ဘဲ တခြားရည်ရွယ်ချက်နဲ့ ဝင်ရောက်သုံးစွဲမှု ၂၀၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဆီက ကယ်တင်ခဲ့တဲ့သူတွေကို ဘယ်သူက အမှန်တကယ် လူကုန်ကူး ခံရသူဆိုတာကို ထုတ်ဖေါ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ RTP က ဘန်ကောက် မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ပြည်ပထွက်ခွာမယ့် လူငယ်အမျိုးသားတွေကို ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီ အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး တချို့ကို အိမ်ပြန်လွှတ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ ရသူတွေက VOA ကို ပြောဆိုပါတယ်။ အခုလို အခြေအနေတွေကြောင့် နိုင်ငံခြားကို ထွက်ခွာဖို့ ပြင်နေ တဲ့ လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။
"MoUစာချုပ်ကို သေသေချာချာ ချုပ်တဲ့သဘောမျိုးမဟုတ်ဘဲနဲ့ MoU ချုပ်လို့ အလုပ်သမား ဘယ်နှစ် ယောက် စေလွှတ်လို့၊ ဘယ်နှစ်ယောက်က အဆင်ပြေသွားတယ်ဆိုတဲ့ research တွေလည်း မရှိဘူး။ အဲဒီတော့ အလုပ်သမားအခွင့်အရေး ဘာတခုမှ တောင်းဆိုလို့ရမှာ မဟုတ်ပါဘူး။" (မြန်မာအလုပ်သမားတဦး)
"လောလောဆယ်ကတော့ အကုန်လုံးပြေးနေရတယ်ဗျ။ မြေပြင်ကလည်း စစ်ကြောင်းဝင်နေတော့လေ။ လယ်တော်၊ ဘုဘ၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ကျွန်းကြီး။ အဲဒီ ညောင်ပင်ပတ်ချာလည် ရွာတွေပေါ့။ အခုကတော့ ညောင်ဖြူပင်ထဲမှာလည်း သူတို့စခန်းကနေ ထွက်ထားတာရှိတယ်ဗျ။" (မုံရွာ-အမြင့်လမ်း ပြန်ကြားရေးတာဝန်ခံ)
နောက်ထပ်ကြည့်ရှုရန်