အမေရိကန်ပြည်ထောင်စု အတွက် အင်ဒိုပစိတ်ဖိတ်ဒေသတွင်း တရုတ်လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အိန္ဒိယက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး မြန်မာ့အရေးမှာ သူတို့ နှစ်နိုင်ငံလုံးရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ အာရှ လုံခြုံရေးဆိုင်ရာ ပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။
မြန်မာနဲ့ထိုင်းနယ်စပ်အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေအတွင်း မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ နိုင်ငံခြားသား ၂၇၃ ဦးကို မြန်မာအာဏာပိုင်တွေက ဖေဖေါ်ဝါရီ ၁၇ ရက် မနေ့တုန်းက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင် Global New Light of Myanmar မှာ ဖေါ်ပြပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ လက်နက်ကြီး တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ဒီရက်ပိုင်းအတွင်းပိုများလာပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တုံ့ပြန် ပစ်ခတ်နေကြောင်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီအတွက် တောင်းဆိုထားတဲ့ပမာဏရဲ့ ၃၉ % ဒေါ်လာ ၃၈၉ သန်းပဲရသေးတာကြောင့် ဘေးဒုက္ခအန္တရာယ်ကြုံရနိုင်ဆုံး မြန်မာပြည်သူ ၁,၁၀၀,၀၀၀ အတွက် အရေးပေါ်အကူအညီတွေ ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းကနေငွေလိမ်တဲ့လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေထဲ ဂျပန်နိုင်ငံသား ၁၀ ယောက်လောက်ကျန်နေသေးတဲ့အကြောင်း မကြာခင်ကလွတ်မြောက်လာသူ ဂျပန်လူငယ်တဦး ပြောပြတာကို The Japan Times သတင်းစာမှာ ရေးသားပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်တဲ့ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေမှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ အတင်းအကြပ် အလုပ်ခိုင်းခံနေရတဲ့အကြောင်း BGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက မနေ့က သတင်းဌာနတွေကို ပြောဆိုတာကို Kyodo News မှာ ရေးသားထားပါတယ်။
မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့ သူတွေကို အလုပ်လုပ်ခွင့်နဲ့ တခြားလူမှုရေးဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ မလေးရှားအစိုးရ စဉ်းစားနေတဲ့အကြောင်း မြန်မာဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက VOA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေယာဉ်ပစ်ကူတွေ အသုံးပြုပြီး အပြင်းအထန် ခုခံနေပါတယ်။ ကနီမြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စစ်ရှောင် ထွက်ပြေးနေရပြီး အခက်တွေ့နေကြပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အမှုနှစ်မှုထပ်တိုးပြီး မနက်ဖြန်မှာ ရုံးထုတ် စစ်ဆေးဖို့ရှိ နေပါတယ်။
မြန်မာနိုင်ငံထဲ တရားမဝင်,ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေက ဥပဒေမဲ့ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ ၁,၀၃၀ ကို မကြာသေးခင်က ဖော်ထုတ်ဖမ်းဆီးမိခဲ့ပြီး အခု သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောပါတယ်။
အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင်ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်