မြန်မာ့သနပ်ခါးနေ့ဖြစ်တဲ့ တပို့တွဲလပြည့်နေ့မှာ မြန်မာ့ရိုးရာသနပ်ခါးကို ဂုဏ်ပြုပြီး မြန်မာ့ရိုးရာသနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်တဲ့ပြိုင်ပွဲကို ရန်ကုန်မြို့က အင်းလျားကန်ဘေးက စိမ်းလန်းစိုပြေပန်းခြံမှာကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်း အဂတိလိုက်စားမှုတွေကို စုံစမ်းအကဲဖြတ်တဲ့ Transparency International အဖွဲ့ကြီးရဲ့ ၂၀၂၄ ခု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက ၁၆၈ နေရာကိုရောက်နေတဲ့အပြင် အရှေ့တောင်အာရှမှာ လာဘ်စားမှုအဆိုးဆုံးနိုင်ငံအဖြစ်လည်း Transparency International ကဖော်ပြပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမှာရှိတဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းလို့ယူဆရတဲ့လုပ်ငန်းတွေ အပါအဝင် တရုတ်လုပ်ငန်းတချို့ရပ်ဆိုင်းပြီး ဘုရားသုံးဆူကနေထွက်ခွါနေကြတယ်လို့ ဘုရားသုံးဆူ ဒေသခံတွေကို ကိုးကားပြီး ဒီကနေ့ ဖေဖေါ်ဝါရီ လ ၁၃ ရက်နေ့မှာ Bangkok Post သတင်းစာက ရေးသားဖေါ်ပြပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာတည်မြဲရေးအတွက် ကျင်းပတဲ့ အတု အယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဆန့်ကျင်သွားမယ့်အကြောင်း ၇၈ နှစ်မြောက် မွန် အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ကြေညာထားပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ သက်သေအထောက်အထား မခိုင်လုံသေးတဲ့အတွက် ထပ်ပြီးတင်ပြဖို့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရှေ့နေတွေက အထူးစုံစမ်းရေးအဖွဲ့ DSI ကို တောင်းဆိုထားပါတယ်။
ထိုင်း မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေး တရုတ်၊ မြန်မာနဲ့ ထိုင်းတို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့ တချိန်တည်းမှာဘဲ ထိုင်းဘက်က ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းပြောလာပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေနဲ့ အောင်ပန်းမှာ စစ်ရှောင်နေသူတွေအတွက် ဆေးဝါးအကူအညီနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေက VOA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရပြီး နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။
လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် ဘာသာရေး၊ လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်လုပ်ဆောင်နေတာကို လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
စစ်အာဏာသိမ်းမှု (၄) နှစ်တာရှိလာချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတာကို တွေ့ရပါတယ်။
လာမယ့်ရွေးကောက်ပွဲကို အီလက်ထရောနစ်မဲပေးစနစ်အသုံးပြုဖို့ စီစဉ်နေကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပေးပို့တဲ့ မိန့်ခွန်းမှာပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်