ရခိုင်ပြည်နယ်ထဲက မဒေးကျွန်း ရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်စီမံကိန်းတွေ အများဆုံးရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့ကစလို့ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သောကြာနေ့အထိ နှစ်ဘက် တိုက်ပွဲပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးက တိုက်ပွဲကြောင့် ဒေသခံတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။
ကြာသပတေးနေ့ကလည်း ပေါက်တောမြို့နယ်က ကျေးရွာ ၆ ရွာလောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ အလုံး ၄၀ နီးပါး ကြဲချခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့တာရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပေါက်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် မရတဲ့အတွက် သေဆုံးရတာလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးက တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် မရတဲ့အတွက် သေဆုံးရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အဦးတွေမှာ ပိတ်မိနေတဲ့နိုင်ငံခြားသား သောင်းဂဏန်းလောက်ရှိနေသေးပြီး ကယ်တင်ပြန်ပို့နိုင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ဒါရိုက်တာ ရဲချုပ် ကိုကိုးကားပြီး ဗြိတိန်ထုတ် The Guardian သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
မဲမသမာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုကို အမှန်အတိုင်းမသုံးသပ်ဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားပါတယ်။
စက်သုံးဆီအခက်အခဲဖြစ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်တွဗကို ရန်ကုန်သီလဝါဆိပ်ကမ်း စက်သုံးဆီ Terminal တွေကနေ ဖေဖော်ဝါရီ ၂၀ ကြာသပတေးနေ့က စတင်ပို့နေတယ်လို့ တာချီလိတ်လုပ်ငန်းရှင်တချို့က VOA ကိုပြောပါတယ်။ ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ ထိုင်းဘက်ကအရောင်းရပ်လိုက်လို့ စက်သုံးဆီပြတ်နေရတာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွက် လုံခြုံရေးအရ အရေးပါတဲ့တပ်ရင်း (၂၃၆) ကို KIA နဲ့ မဟာမိတ်တပ်တွေက မနေ့က သိမ်းယူလိုက်ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်တပ်အရာရှိတွေ အပါအဝင် စစ်သားတွေနဲ့လက်နက်အများအပြား သိမ်းမိတယ်ဆိုတာ KIA က အတည်မပြုသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်