"ကျောက်လုံးက ဖေဖော်ဝါရီ ၃ ရက်က မီးရှို့တာ။ ၄ ရက်နေ့က ရှို့တာ သနပ္ပဇင်းရွာခင်ဗျ။ အိမ်ခြေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်ရှောင် နေရပ်စွန့်သွားတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သယ်ယူတာတွေ လုပ်နေ ကြတယ်။" (ကိုစစ်-ပေါက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ )
“ဒီနေ့ကစပြီး မီးဖြတ်လိုက်ပါပြီ။ မီးမရတော့တာကြောင့် အခက်အခဲတွေ့နိုင်ပေမယ့်လည်း တရားမဝင်လုပ်ငန်းတွေမှာပါဝင်နေတယ်ဆိုပြီး ထိုင်းနိုင်ငံအပေါ် အပြစ်တင်လို့မရတော့ပါဘူး။ ထိုင်းလုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ထဲမှာ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်ဖို့လည်းပါဝင်ပါတယ်။” (Anutin Charnvirakul ထိုင်း ဒု-ဝန်ကြီးချုပ်)
အသိပညာပေးအနေနဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် အာရက္ခတပ်တော် AA ဘက်ကလည်း လုပ်နေတာရှိတယ်။ ဒါပေမယ့်လည်း ဒီအသိပညာပေးတာတွေ မိုင်းရှင်းလင်းရေးလုပ်နေတာက ပြောရမယ်ဆိုရင် လုံလောက်မှု အတိုင်းအတာတခုအထိ မရောက်သေး ဘူး။ အားရစရာမရှိသေးဘူးပေါ့နော်၊ ဒီထက်ပိုပြီးတော့ လုပ်ရမယ့် အနေအထားမျိုး တွေ့ရတယ်။ " (ရခိုင်ဒေသခံ)
"တရုတ်က တဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြောတယ်၊ မြန်မာပြည် ငြိမ်းချမ်းရေးကို ပြောတယ်။ တဘက်ကလည်း စစ်ကောင်စီကိုလက်နက်တွေ ရောင်းနေတယ်။ ကျမတို့ တအာင်းပြည်မှာတွေ့တဲ့ လက်နက်အများစုသည် အထူးသဖြင့် ဗုံးတွေ၊ ဒရုန်းတွေသည် တရုတ်က စစ်ကောင်စီကို ရောင်းစားထားတယ်ပေါ့။ (ယိင်းလျန်းဟန်-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်)
မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ဆိုပြီး ထိုင်းအစိုးရက နယ်စပ်မြို့တချို့မှာ လျှပ်စစ်မီးပေးနေတာကို ဒီကနေ့ကစ ဖြတ်တောက်လိုက်ပါတယ်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) ကိုဒီကနေ့မှာ တတိယအကြိမ်လေလံတင်ရောင်းချပေမဲ့ ၀ယ်ယူသူမရှိခဲ့ဘဲလေလံပွဲ မအောင်မြင်ပြီးဆုံးခဲ့ပါတယ်။
အမေရိကန်အစိုးရက ပေးနေတဲ့ အကူအညီတွေ ဆိုင်းငံ့လိုက်တဲ့အတွက် အခက်အခဲကြုံရတာကို ကြည့်ရင် ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သမားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကြား တဦးနဲ့တဦး စောင့်ရှောက်ကူညီဖို့ လိုပြီလို့ မဲဆောက်မြို့မှာ ကူညီပေးနေသူတဦးဖြစ်တဲ့ ကိုယဉ်ထွေးက VOA ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို နဲ့ ကျောက်မဲမြို့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန် သီတင်းပတ်ထဲမှာ အရပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။
“ ကိုယ်ပိုင် ယာဉ်တွေထက် Public Transportation တွေကို ပိုသုံးစွဲတာမျိုး၊ အမှိုက်မီးရှို့တာကို ရှောင်တာမျိုးတွေ လုပ်နိုင်တယ်။ နောက်လေထုထဲရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပေးတဲ့သစ်ပင်တွေကလည်း ဒီလေထုညစ်ညမ်းမှုကို လျော့အောင်လုပ်တဲ့အခါမှာ အရေးပါတဲ့နေရာကနေပါဝင်တယ်။" (ယွန်းနန္ဒာခိုင်-EMS)
အခု ကျနော်တို့အနေနဲ့အတတ်နိုင်ဆုံးကတော့ အဖွဲ့အစည်းရဲ့ရေရှည်တည်တံ့နိုင်အောင် ပုံမှန်ရံပုံငွေရတဲ့လုပ်ငန်းတွေလည်း လုပ်ဖို့ စီစဥ်ထားသလို တခြား ဥရောပသမဂ္ဂလိုမျိုး အလှူရှင်ကြီးတွေမှာပဲ ပိုပြီးတော့ ရံပုံငွေရှာနိုင်အောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်။” (ဦးထူးချစ်-FED ညွှန်ကြားရေးမှူး)
“ အခု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသကလူတွေ လိမ်လည်ခံနေရတဲ့ကိစ္စမှာလည်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တကယ်တော့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကိုဝင်သွားခဲ့ ကြတာဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ တာဝန်ရှိနေပါတယ်။” (ထိုင်းတရားသူကြီးPol. Col. Thawee Sodsong)
“မြန်မာပြည်က သက်ဆိုင်ရာကပို့လာတဲ့ သတင်းအချက်အလက်တွေကို သေချာစိစစ်တဲ့အခါမှာမြန်မာဘက်ကို ပို့နေတဲ့လျှပ်စစ်မီးတွေက မြ၀တီက ကျားဖြန့်ဂိုဏ်းတွေကနေ အကျိုးစီးပွားအတွက်သုံးနေတာ တွေ့ ရပါတယ်။ ရွှေကုက္ကိုနဲ့ KK Park နေရာကအသုံးပြုနေတဲ့အတွက် အဲဒီနေရာတွေကိုမီးဖြတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ " (ထိုင်း ဒု-ကာကွယ်ရေးဝန်ကြီး)
နောက်ထပ်ကြည့်ရှုရန်