ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်းဖမ်းဆီးထားတဲ့ ဒုရဲမှူးကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီအနက် (၂၀၀) နီးပါးကို ဒီကနေ့ပဲ AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ တိုက်ပွဲတွေကြား အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက Fr. Martin Donald (ခေါ် ) ဦးရဲနိုင်ဝင်းကို ရွှေဘိုမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတ်ဖြတ်ခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပြီးနောက် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေကို တရားဝင်မှတ်ပုံတင်ဖို့ ထိုင်းအာဏာပိုင်တွေ မကြာသေးခင်ကပဲ အကြောင်းကြားထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တရားဝင်မှတ်ပုံတင်မထားရင် အရေးယူဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က ကယ်တင်ထားသူ ၇,၀၀၀ ရှိပြီး သူတို့ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ စစ်ကောင်စီအကြား တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲမှာ အပြန်အလှန်တောင်းဆိုချက်တွေကိုသာလုပ်နိုင်ခဲ့ပြီး ညှိနှိုင်းဖို့ ခက်ခဲတဲ့အတွက် ရလဒ်တစုံတရာ မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှငါးနိုင်ငံကို ခရီးသွားမယ့် ခရီးသည်တွေ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ အန္တရာယ်ကို သတိထားဖို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
မြန်မာနယ်စပ်က ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ နှိမ်နှင်းရေး ဖိအားပေးတဲ့အနေနဲ့ ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်သုံးဆီတွေ ဖြတ်တောက်ထားဖို့ တရုတ်နိုင်ငံက ထောက်ခံတဲ့အကြောင်းနဲ့ ဆက်ဖြတ်ထားဖို့ တိုက်တွန်းတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရပ်ဖက်ခေါင်းဆောင်တွေပါတဲ့ အာဂျင်တီးနားတရားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။ NUG ဒုတိယ နိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦးကို မေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှာရှိတဲ့ KTV ဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသူ ၂ ဦးနဲ့ လာအိုနိုင်ငံသူ ၃ ဦးတို့ဟာ ထိုင်းဘက်ကို ပြန်ပြီးခိုးဝင်လာတုန်း ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ထိုင်းစစ်တပ်ရဲ့လှည့်ကင်းက ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အတွက် အင်ဒိုပစိတ်ဖိတ်ဒေသတွင်း တရုတ်လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အိန္ဒိယက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး မြန်မာ့အရေးမှာ သူတို့ နှစ်နိုင်ငံလုံးရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ အာရှ လုံခြုံရေးဆိုင်ရာ ပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်