မြန်မာနိုင်ငံရဲ့ ပဋိပက္ခအဖြေရှာရေး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်တွေကို ပြန်လည် အသက်သွင်းနိုင်အောင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဟာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ ဘရူးနိုင်ငံမှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေရဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ထိုင်းနိုင်ငံဘက်ကို စတင် လွှဲပြောင်းပေးနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေကြတဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ တရုတ်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Guo Jiakun က ပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ ထဲက တရုတ်နိုင်ငံသားတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေပါပြီ။ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပထမအသုတ်အဖြစ် တရုတ်အယောက် ၂၀၀ ကို စတင် ပို့ဆောင်တာ ဖြစ်ပါတယ်။ ထိုင
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အနီး စစ်ကောင်စီ အမြောက်တပ် ၃၄၄ နဲ့ အာရက္ခတပ်တော် AA အကြား အပြန်အလှန်ပစ်ခတ်နေပြီး အနီးတဝိုက် ကျေးရွာတွေမှာ နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စုထိစန်နယ်မြေတွင်းမှာ ရှိတဲ့ ၈ ထပ်တိုက် တလုံးကို ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းမှု အတွင်း ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်း ခေါင်းဆောင်တွေ အပါအဝင် တရုတ်နိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရပါတယ်။
တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပြုမယ့် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေ တရပ်ကို စစ်ကောင်စီက အသစ်ပြဋ္ဌာန်း လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်းဖမ်းဆီးထားတဲ့ ဒုရဲမှူးကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီအနက် (၂၀၀) နီးပါးကို ဒီကနေ့ပဲ AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ တိုက်ပွဲတွေကြား အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက Fr. Martin Donald (ခေါ် ) ဦးရဲနိုင်ဝင်းကို ရွှေဘိုမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတ်ဖြတ်ခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပြီးနောက် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေကို တရားဝင်မှတ်ပုံတင်ဖို့ ထိုင်းအာဏာပိုင်တွေ မကြာသေးခင်ကပဲ အကြောင်းကြားထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တရားဝင်မှတ်ပုံတင်မထားရင် အရေးယူဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က ကယ်တင်ထားသူ ၇,၀၀၀ ရှိပြီး သူတို့ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်