စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လျှပ်စစ်မီတာခကို ယူနစ်နဲ့တွက်ချက်ကောက်ခံတာမျိုးမဟုတ်ဘဲ လျှပ်စစ်ရုံးက တောင်းသလောက်ပေးနေရတဲ့အတွက် အခက်အခဲတွေ့နေရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။
“နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ရိုမေးနီးယားနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အပြန်အလှန်ပြောဆိုဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိအောင်လည်း လုပ်နိုင်မှာပါ။” (မလေးရှားဝန်ကြီးချုပ်)
မြန်မာနိုင်ငံ ဘုရားသုံးဆူမှာ ရာဇဝတ်ဂိုဏ်းတွေထိန်းချုပ်ထားတဲ့ အထပ်မြင့်တိုက်ပေါ်က ထိုင်းနိုင်ငံသားတယောက် ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ်ကို စစ်ဆေးဖို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် Phumtham Wechayachai က မနက်ဖြန် နယ်စပ်ကို သွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်တာရွှင် ဗမာပြည်တွင်းကိုပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ရောက်လာခဲ့တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ဗွီအိုအေကို အတည်ပြုပါတယ်။
“သူတို့က Target ရှိတယ်။ ဥပမာ တလကို ဒေါ်လာ ငါးသောင်းရှာရမယ်ဆိုပါတော့၊ အဲဒီမှာနေခဲ့ရတဲ့ သားကောင်တွေပြောပြတာပါ။ အဲဒီ Target ကိုမပြည့်ဘူးဆိုရင် ညှဥ်းပန်းနှိပ်စက်ခံရတယ်။ ပေးမအိပ်ဘူး၊ အဲဒါထက်ဆိုးတာက သုံးလလောက်ဆို အမှောင်ခန်းထဲမှာ ထားပြီး နှိပ်စက်ညှင်းပမ်းတာတွေရှိတယ်လို့ ပြောပြကြပါတယ်။” (ကူညီသူတဦး)
"မြန်မာပြည်ဘက်ကနေ ပွဲစားတွေကခေါ်လာတယ်။ သူတို့က တပတ်ကတ်တွေနဲ့ ဝင်လာတယ်။ တပတ်ကတ်က တရုတ်ပြည်မှာ အလုပ်လုပ်ခွင့် မရှိဘူးလို့ သူတို့ရဲ့နည်းဥပဒေမှာ ရေးထားတယ်။ အဲဒီအတွက် အလုပ်သမားတွေက ဒီထဲဝင်လာရင် ဒီစက်ရုံထဲမှာပဲ အကျယ်ချုပ်မိသလို ဖြစ်တာပေါ့။ အပြင်လည်းထွက်လို့မရဘူး၊" (ရွှေလီမြို့- အလုပ်သမားအရေးဆောင်ရွက်သူ)
မြန်မာနယ်စပ် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဒီလမကုန်ခင်အထိ ဘုရားသုံးဆူမြို့ကနေ အမြန်ဆုံးထွက်ခွာဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ DKBA အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းအတွင်း မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အကြောင်း ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။
စလင်းမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေအတွင်း နှစ်ဘက် သေဆုံးတာတွေရှိသလို နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။ ငါန်းဇွန်မြို့နယ်ထဲမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
“ကျနော်တို့ရခိုင်မှာ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တချို့ ပြန်လွတ်တာက ဟုတ်ပါတယ်။ ပြန်လွတ်တဲ့ ထဲမှာတော့ အမျိုးသားတွေရော အမျိုးသမီးတွေရောပါတယ်။ လူ ၁၀၀ ကျော်လောက်ရှိမယ် ပေါ့နော်၊ ဘယ်နေရာက လွှတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျမသိရဘူးပေါ့နော်။” (ဒေသခံ)
မြန်မာနိုင်ငံနယ်ခြားက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို တိုက်ဖျက်ရေးမှာ မပြီးဆုံးသေးသလို ထောက်ခံပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံအတွင်းက လူ့မှုအဖွဲ့အစည်းတွေကို တိုက်တွန်းပြောဆိုလိုက်တာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်