မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပေါင်းစုံ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့နယ်အတွင်းမှာ လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာ၊ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ်လုပ်လာနေ တာကြောင့် ရခိုင်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက လာရောက်နေထိုင်ကြတဲ့ လူငယ်တွေ ရန်ကုန်မြို့ကနေ ထွက်ခွာ ဖို့ကြိုးလာကြတာပါ။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နှင်းဖို့ နယ်စပ်က နယ်မြေငါးနေရာကို လျှပ်စစ်မီးဖြတ်တောက်မယ်လို့ မြန်မာစစ်ကောင်စီကို ကြိုတင်အကြောင်းကြားခဲ့ပေမဲ့ တစုံတရာအကြောင်းမပြန်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai က ထိုင်းရုပ်သံ Channel 22 ကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီခရိုင် ရွှေကုက္ကိုဒေသက အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ဒီကနေ့ နေ့လယ် ၁၂ နာရီ ကျော်မှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား (၂) ကနေ နယ်ခြားစောင့်တပ် BGF က ထိုင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
"ထိုင်းဗီဇာတွေ၊ ပတ်စပို့တွေနဲ့လာတာဖြစ်လို့ ထိုင်းဘက်က အပ်ရင် ပိုပြီးချောမွေ့တယ်ပေါ့၊ မြန်မာထဲမှာဆို နိုင်ငံခိုးဝင်မှုတွေနဲ့ ရက်ပေါင်း ၃၀ လား၊ ၆၀ လား ချုပ်ထားမှာတွေက ရှိတယ်။ သူလာရာလမ်းကိုပြန်တာကောင်းတယ်ဆိုပြီး ထိုင်းကိုအပ်နှံပေးတာ လူ ရာဂဏန်းနဲ့ကိုရှိနေပါပြီ။" (ဗိုလ်ချုပ်ဆန်းအောင် -DKBA)
မြန်မာနိုင်ငံမှာအာဏာထားတဲ့စစ်တပ်ဟာ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကိုချည့်နဲ့အောင်လုပ်နေတဲ့အတွက် 'အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် သူမတူတဲ့ ခြိမ်းခြောက်မှု' သမ္မတ Trump က လွှတ်တော်ကိုပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၅ ရက်၊ မနေ့က ဝါရှင်တန်ဒီစီမြန်မာသံရုံးရဲ့ ကြေညာချက်မှာ အမေရိကမှာနေထိုင်ခွင့်အထောက်အထားမဲ့သူ၊ ဒါမှမဟုတ် တရားမဝင်ရောက်နေသူ၊ မြန်မာနိုင်ငံကိုပြန်ဖို့ နိုင်ငံကူးလက်မှတ် Passport သက်တမ်းကုန်ဆုံးနေသူတွေအနေနဲ့ အထောက်အထားပြပြီး နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်နိုင်တယ်လို့ ဖော်ပြပါတယ်။
"မီးဖြတ်လိုက်လို့ ဒီတရုတ်တွေက ဘဝပျက်သွားတာလည်းမဟုတ်ဘူး၊ စီးပွားပျက်သွားတာလည်းမဟုတ်၊ သူတို့ရဲ့ လုပ်ငန်းလည်ပတ်ဖို့ သူတို့က Plan ချပြီဆိုကတည်းက သူတို့မှာ မီးစက်က အဆင်သင့်ရှိပြီးသား။ ရွှေကုက္ကိုပဲကြည့်။ ရွှေကုက္ကိုဆို အရင်တုန်းက မီးပျက်ခဲ့တာပဲ။ သူ့ဟာသူ လည်ပတ်တာပဲ။" (ဘုရားသုံးဆူ မြို့ခံတဦး)
ထိုင်းနိုင်ငံမှာ ပြည်ပကို စက်သုံးဆီအများဆုံးတင်ပို့နေတဲ့ PTT Oil and Retail Business ကုမ္ပဏီက မြန်မာနိုင်အတွက် စက်သုံးဆီတင်ပို့တာတွေ ရပ်ဆိုင်းဖို့ ပြင်ဆင်နေတဲ့အကြောင်းပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ဂျပန်နိုင်ငံအနေနဲ့ အလွန် စိုးရိမ်မိကြောင်းနဲ့ မြန်မာပြည်သားတွေနဲ့အတူရပ်တည်ပြီး မြန်မာပြည်ဒီမိုကရေစီအပြောင်းအလဲအတွက် နည်းလမ်းရှာကြံ အလေးအနက် လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
"ကျောက်လုံးက ဖေဖော်ဝါရီ ၃ ရက်က မီးရှို့တာ။ ၄ ရက်နေ့က ရှို့တာ သနပ္ပဇင်းရွာခင်ဗျ။ အိမ်ခြေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်ရှောင် နေရပ်စွန့်သွားတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို သယ်ယူတာတွေ လုပ်နေ ကြတယ်။" (ကိုစစ်-ပေါက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ )
“ဒီနေ့ကစပြီး မီးဖြတ်လိုက်ပါပြီ။ မီးမရတော့တာကြောင့် အခက်အခဲတွေ့နိုင်ပေမယ့်လည်း တရားမဝင်လုပ်ငန်းတွေမှာပါဝင်နေတယ်ဆိုပြီး ထိုင်းနိုင်ငံအပေါ် အပြစ်တင်လို့မရတော့ပါဘူး။ ထိုင်းလုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ထဲမှာ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်ဖို့လည်းပါဝင်ပါတယ်။” (Anutin Charnvirakul ထိုင်း ဒု-ဝန်ကြီးချုပ်)
အသိပညာပေးအနေနဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် အာရက္ခတပ်တော် AA ဘက်ကလည်း လုပ်နေတာရှိတယ်။ ဒါပေမယ့်လည်း ဒီအသိပညာပေးတာတွေ မိုင်းရှင်းလင်းရေးလုပ်နေတာက ပြောရမယ်ဆိုရင် လုံလောက်မှု အတိုင်းအတာတခုအထိ မရောက်သေး ဘူး။ အားရစရာမရှိသေးဘူးပေါ့နော်၊ ဒီထက်ပိုပြီးတော့ လုပ်ရမယ့် အနေအထားမျိုး တွေ့ရတယ်။ " (ရခိုင်ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်