အရင်က တပ်ရင်းတခုလောက်နဲ့ တိုက်ခိုက်နေတာကနေ နောက်ထပ် တပ်ရင်း၂ခုစာလောက် ထပ်ပြီးတိုးချဲ့လိုက်တာပါ။ ဒါကြောင့် ဒီဒေသမှာ စစ်ရေးကျယ်ပြန့်လာမှာကို ဒေသခံတွေက အတော်လေး စိုးရိမ်နေကြပါတယ်။
မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဒီနေ့ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ကြပေမယ့် မြန်မာနိုင်ငံက အမျိုးသမီးထုအများစုကတော့ စစ်အုပ်ချုပ်မှုအောက်မှာ ဒီနေ့ကို လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်းနဲ့ တခြားသောဒေသတွေမှာ ရက်ရက်စက်စက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရှုတ်ချလိုက်ပါတယ်။
TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က သူတို့ဒေသတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို ၆လအတွင်း CDM လုပ်ဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူသွားမယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းလူတန်းပေါင်းစုံအမျိုးသမီးတွေဟာ ဒီကနေ့ကာလမှာ သူတို့ရဲ့စွမ်းဆောင်နိုင်မူတွေ ဖောက်ထွက်နိုင်မူတွေအတွက် ယုံကြည်မူတွေပိုရှိလာပြီး အပြောင်းအလဲတွေဖော်ဆောင်ဖို့ဆက်လုပ်ဆောင်သွားမယ့်အကြောင်းနဲ့တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့အကြောင်း ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။
တွေ့ဆုံရတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့ပေမယ့် အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံဘက် တရားမဝင် တင်ပို့နေတဲ့ ကွန်ယက်အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမည်။
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ASEAN အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုထိရောက်မယ့် အခြားနည်းလမ်းတွေနဲ့ အဖြေရှာဖို့စဉ်းစားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပြီး မြန်မာ့အရေးဟာ မလေးရှားအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့လည်း အင်္ဂါနေ့က ပြောခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်