NLDကို စစ်ကောင်စီက ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်သိမ်းပစ်နိုင်ခြေရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေက နှစ်ရှည်လများ အုပ်ချုပ်နိုင်ဖို့လုပ်နေတာ ဖြစ်ကြောင်း NUG အဖွဲ ပြောခွင့်ရဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြား
အစ္စရေးလ်နဲ့ ဂါဇာဒေသက စစ်သွေးကြွတွေ ၁၁ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ ကြိုဆိုလိုက်ကြသလို၊ အရှေ့အလယ်ပိုင်း ဒေသမှာ နိုင်ငံရေးအရ ရေရှည်အဖြေရှာဖို့လည်း တိုက်တွန်း လိုက်ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်မရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ ကြာသပတေးနေ့က ဝါရှင်တန်ဒီစီက Wilson စင်တာမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပန်ကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှု အသစ်တွေ တိုးမြှင့် ချထားလိုက်တာ အထူးသဖြင့် အမေရိကန်အစိုးရက စစ်အုပ်ချုပ်ရေးကောင်စီ SAC ကိုပါ ပစ်မှတ်ထား အရေးယူလိုက်တာ အတွက် ကုလရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ကြိုဆိုလိုက်ပါတယ်။
၁၁ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနဲ့ ဂါဇာဒေသက စစ်သွေးကြွတွေကြား အပစ်အခတ် ရပ်စဲဖို့ တပြိုင်တည်းလိုလို ကြေညာလိုက်ကြပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း ၅ ခုမှာ သွားလာလှုပ်ရှားမှုတွေကို ကြာသပတေးနေ့မှာပဲ ကန့်သတ် ထိန်းချုပ်လိုက်ပါတယ်။
အာတိတ်ဒေသမှာ ရုရှားက စစ်အင်အားတိုးချဲ့နေတဲ့အပေါ် စိုးရိမ်ကြောင်း ကြာသပတေးနှောင်းပိုင်း Iceland နိုင်ငံက အာတိတ်ကောင်စီ အဆင့်မြင့် အစည်းအဝေးပွဲကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ် ၁၂ သန်းလောက် တနှစ်ကျော်စာကောင်းကောင်း မသင်နိုင်ပဲ ဖြစ်နေတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်းနဲ့ စာသင်ကျောင်းတွေ ဘေးကင်းအောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂယူနက်စကို၊ UNICEF နဲ့ Save the Children အဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေကြား တိုက်ခိုက်မှုတွေကြောင့် သေကျေထိခိုက်မှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ တိုးလာနေချိန်မှာပဲ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။
တရုတ်အစိုးရပိုင် PetroChina International ကုမ္ပဏီ စင်္ကာပူဌာနခွဲကနေ မြန်မာစစ်တပ်ကို လေယာဉ်သုံးဆီတွေ ဧပြီလအတွင်း ရောင်းချခဲ့တယ်ဆိုတာ မြန်မာစစ်တပ်ရဲ့ သွင်းကုန်စာရင်းမှာ တွေ့ရှိရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလက စလို့ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးကဏ္ဍဟာ သိသိသာသာ ကျဆင်းခဲ့ကြောင်း ကနဦးထွက်လာတဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းမှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အခက်အခဲတွေ ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာစစ်ကောင်စီအစိုးရဟာ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိ ၂ ဦးကို အာဏာသိမ်းမှု ကန့်ကွက် သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့အတွက် ရာထူးက ဖယ်ရှားလိုက်တယ်လို့ သံတမန် သတင်းရပ်ကွက်တွေကို ကိုးကားပြီး kyodo news. Net မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တခုဟာ ကြာသပတေးနေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ခရီးထွက်လာမယ်လို့ မော်စကို ရှိ မြန်မာသံရုံးပြောခွင့်ရကို ကိုးကားပြီး The Moscow Times အွန်လိုင်းသတင်းစာမှာ ရေးသားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမာ့စ်စစ်သွေးကြွတွေအပေါ် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို သိသိသာသာလျှော့ချဖို့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့တောင်းဆိုမှုကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။
စပိန်ဝန်ကြီးချုပ်က Ceuta နယ်မြေတည်ငြိမ်ရေးအတွက် မော်ရိုကိုက ရွှေ့ပြောင်းလာသူတွေ မကြုံစဖူးအများကြီး ဝင်လာတာကို ရတဲ့နည်းအားလုံးသုံး ကာကွယ်သွားမယ်လို့ မနေ့က ကတိပြုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ကူးစက်မှုတွေ ကြုံရတဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာတင် ဆေးဝန်ထမ်း ၂၄၄ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အိန္ဒိယဆရာဝန်များအသင်းက ဆိုပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခ အတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေရှ့်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။
အာဖဂန် ပဋိပက္ခအဆုံးသတ်ရေး သံသမန်ရေးအရ အားထုတ်မှု တရပ်အနေနဲ့ တရုတ်နိုင်ငံဟာ ကူညီဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောဆို လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်