ဂါဇာကမ်းမြောင်ဒေသမှာတော့ အင်္ဂါနေ့မှာ ပါလက်စတိုင်း စစ်သွေးကြွတွေဘက်က ဒုံးပျံတွေနဲ ့အစ္စရေးဘက်ကို ပစ်လွှတ်တိုက်ခိုက်နေစဉ်မှာပဲ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ အခုဆိုရင် ကပ်ဘေးဟာ မြို့ကြီးတွေကနေ မြို့ ငယ်၊ ရွာငယ်တွေအထိ ရိုက်ခက်လို့နေပါပြီ။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံနှစ်ပုံနေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ရောဂါပျံ့နှံ့မှုကို စိန်ခေါ်မှုအသစ်တရပ်အဖြစ် အကြီးအကျယ် တုံ့ပြန်တိုက်ခိုက်နေရတယ်လို့ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
အမေရိကန် နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့၊ နိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေလည်း နိုင်ငံကနေ ထွက်ခွာကြဖို့ မေလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထပ်မံ သတိပေးထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ ဖူလုံရေးက ထိပ်တန်း ဦးစားပေး အဖြစ် ဆက်လက် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေ အတွက် အကူအညီသစ် ထပ်မံ ပေးအပ်မယ့် အကြောင်း အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ မင်းတပ် ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ချိန်ကစလို့ ရေပေးဝေရေး နေရာတွေမှာ တပ်တွေ နေရာယူထားတဲ့အတွက် ရေပေးဝေမှုပိုင်း ပြတ်တောက်နေပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးတာမျိုး မလုပ်ကြဖို့ ICG နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
အိန္ဒိယနိုင်ငံကနေ COVID-19 ရောဂါကာကွယ်ဆေး တင်ပို့မှု ပြတ်တောက်သွားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့COVAX ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဉ်အတွက် သတ်မှတ်ချိန်ထက်စောပြီး ဆေးကုမ္ပဏီတွေ ကာကွယ်ဆေးထုတ်ပေးဖို့ WHO ကတိုက်တွန်းလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် မူကြမ်းချမှတ်ရေးအတွက် အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ့် အစီစဉ်ကို ကုလသမဂ္ဂက ရွှေ့ဆိုင်းလိုက်ပါတယ်။
Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရေခဲသေတ္တာထဲမှာ တလကျော်ကြာ သိုလှောင်ထားနိုင်ကြောင်း ဥရောပ သမဂ္ဂ EU ရဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက တနလာၤနေ့မှာ အတည်ပြုလိုက်ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်ရဲ့အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ကလေးငယ်တွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာစစ်အာဏာပိုင်တွေ အပေါ် အရေးယူမှုတွေ ဆက်တိုက်လုပ်နေတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က တနင်္လာနေ့မှာလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူမှု အသစ်တွေ ချမှတ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အဖွဲ့အကြီးအကဲ Filippo Grandi က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ တိုက်ဖျက်မှုမှာ အမေရိကန်ဘက်က ပိုပြီး ကူညီဆောင်ရွက်နေကြောင်း ကြေညာတဲ့ သမ္မတ Joe Biden က လာမယ့် ဇွန်လကုန်ပိုင်း အရောက်မှာ ကမ္ဘာတလွှားကို COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ထပ်မံဖြန့်ဖြူးမယ့် အကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု စာရင်းထဲ မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)တို့ကို ဒီကနေ့ရက်စွဲနဲ့ စာရင်းထည့်သွင်းလိုက်ပါတယ်။
တောတောင်ထူတပ်တဲ့ နိုင်ငံငယ်လေးတခုဖြစ်တဲ့နီပေါမှာ ပြည်သူ့ကျန်းမာရေးဆို်င်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတကာ ဝိုင်းဝန်းကူညီဖို့ မေတ္တာရပ်ခံထားတာပါ။ Anjana Pasricha ရဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာရေဘီယံပင်လယ်ထဲက အားကောင်းနေတဲ့ “တောက်တဲ့”ဆိုတဲ့ ဆိုက်ကလုံး မုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းကို တနင်္လာနေ့ မနက်အစောပိုင်းက ဦးတည်လာတာကြောင့် ဒီမတိုင်ခင်လေးမှာပဲ ထောင်ပေါင်းများစွာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ ဥတုရာသီအရေး၊ အာတိတ်စက်ဝိုင်းဒေသ ဆိုင်ရာမူဝါဒနဲ့ ရုရှား အရေးကိစ္စတွေကို ဆွေးနွေးဖို့ ဒိန်းမတ်နိုင်ငံကို ရောက်ရှိနေပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဧပြီလက စပြီး ကိုဗစ်ကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရချိန်မှာ ပိုးကူးသူ ၃ ဆကျော်တက်လာပြီး ဒီကနေ့ တရက်ထဲပိုးကူးခံရသူ ၁၀,၀၀၀ နီးပါးရှိနေတာမှာ ၃ ပုံ ၁ ပုံက အကျဉ်းသားတွေဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်