အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေကို ဆက်ပြီး ရေတွက်နေချိန်မှာပဲ ရဲတပ်ဖွဲ့နဲ့ ဖက်ဒရယ်အစိုးရ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဆီကနေ နိုင်ငံတဝန်းက ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးအကူအညီ တောင်းခံတာတွေ ပိုတိုးလာပါတယ်။
“COVID-19 ကပ်ရောဂါကြောင့် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတဲ့အတွက် လုပ်ငန်းစဉ်တွေကို ထိခိုက်စေပါတယ်။ ဒါဟာ အထူးသဖြင့်ကာကွယ်ဆေးထိုးဖို့ လိုနေတဲ့ ဒေသတွေက ကလေးငယ်တွေ အတွက် ပိုလီယို အကြေသေရောဂါ၊ ဝက်သက်နဲ့ အဆုတ်ရောင် ရောဂါ တွေဖြစ်ပွါးမယ့် အန္တရာယ်ကြီးနေပါတယ်။”
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ အထူးအစည်းအဝေး တက်ရောက်ခွင့်ရရေး ထိုင်ဝမ်ကို ဖိတ်ကြားဖို့ ဂျနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကို တိုက်တွန်းလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterresအနေနဲ့ လေ့လာ စောင့်ကြည့် သွားမယ်လို့ နယူးယောက်မြို့ ကုလ အတွင်းရေးမှူးချုပ်ရုံးက နိုဝင်္ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန် ကြေညာပါတယ်။
အရှေ့တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) လို့ ခေါ်တဲ့ တရုတ်ခွဲထွက်ရေးအဖွဲ့ကို အမေရိကန် ပြည်ထောင်စုက အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ပယ်ဖျက်ပေးလိုက်ပါတယ်။
အင်္ဂါနေ့က ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲ အတွက် မဲတွေကို သောကြာနေ့ အထိ ဆက်လက်ရေတွက်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မနေ့က COVID -19 ကူးစက်သူ လူနာသစ် နောက်ထပ် ၁,၃၄၂ ယောက် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၅၉,၂၇၇ ယောက်ရှိပြီဖြစ်ပါတယ်။
တာလီဘန်တွေ ခြေကုပ်ယူထားတဲ့ အာဖဂန်နစ်စတန် ရှေ့ပိုင်းဒေသမှာ ပြီးခဲ့တဲ့လက အယ်လ်ကိုင်းဒါး အဆင်မြင့် အရာရှိတဦးကို အသေရမိခဲ့တာကိုကြည့်ရင် တာလီဘန်တွေဟာ သူတို့ပေးထားတဲ့ အယ်လ်ကိုင်ဒါးနဲ့ အဆက်အသွယ်ဖြတ်မယ် ဆိုတဲ့ ကတိမတည်ဘူး ဆိုတာ ပြနေတယ်လို့ အာဖဂန်အစိုးရက ပြောပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီကပြိုင်ဘက် ဂျိုးဘိုင်ဒင်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲတွေကို ဆက်လက် ရေတွက်နေချိန်မှာပဲ ကြာသပတေးနဲ့ သောကြာ အစောပိုင်းတွေမှာ သူတို့ကို ထောက်ခံသူတွေကြား ဆန္ဒပြပွဲတွေ ငြိမ်ချမ်းစွာ ကျင်းပနေကြပါတယ်။
ကြာသပတေးနေ့က ဓာတ်ခွဲနမူနာပေါင်း ၁၄,၄၄၉ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၁,၃၀၀ ကျော် ထပ်တွေ့ပြီး သေဆုံးသူက ၂၄ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဥရောပနဲ့ ကမ္ဘာတဝန်းက တခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ အနည်းဆုံးနိုင်ငံ ၈ နိုင်ငံကလူတွေကို သူ့နိုင်ငံကို ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မဲတွေရေတွက်နေဆဲဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွေမှာ သမ္မတDonald Trump ရတဲ့ မဲအရေအတွက် နည်းလာပြီး ဒီမိုကရက်သမ္မတလောင်းJoe Biden ရတဲ့မဲအရေအတွက် တိုးလာတာကြောင့် ဒုသမ္မတဟောင်း Biden သမ္မတအဖြစ်အရွေးခံရရေး ပိုနီးစပ်လာတဲ့သဘောမျိုး ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
သမ္မတ Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ကို ထောက်ခံသူတွေက သမ္မတလောင်း ၂ ယောက်ကြား မဲရလဒ်သိပ်မကွာတဲ့ Arizona, Nevada နဲ့ Pennsylvania ပြည်နယ်တွေမှာ ဆက်ပြီး မဲရေတွက်နေတဲ့အပေါ် အထူး အာရုံစိုက်နေကြတာပါ။
အမေရိကန်သမ္မတအဖြစ် ပြန်အရွေးခံရရေး အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ်၂ ခုမှာ အခြေအနေ သိပ်မကောင်းလှတဲ့ သမ္မတ Donald Trump က မဲရေတွက်မှုတွေ ရပ်ထားဖို့ တရားရေး နည်းလမ်းတွေနဲ့ ကြိုးစားပေမဲ့ အဲဒီပြည်နယ်တွေကတော့ မဲတွေဆက်ပြီးရေတွက်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံနှံမှုတွေနဲ့ ဗိုင်းရပ်စ်ကြောင့် လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေလုပ်ငန်းတွေ နဲ့ ကုန်သွယ်ရေးတွေအပေါ်မှာ ဘယ်တုန်းက မကြုံဖူးလောက်အောင်ဖြစ်လာနေတဲ့ ဂယက်ရိုက်ခတ်မှုတွေကို တုံ့ပြန်ဖို့ လာမယ့် ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ညီလာခံ တရပ်ကျင်းပဖို့ ကုလသမဂ္ဂမှာ မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စုမှာ မနေ့ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၁၇,၀၀၀ ကျော်နဲ့ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲ ရလဒ်ကို စောင့်နေချိန်မှာပဲ ဗိုင်းရပ်စ်ကူးစက်မှုတွေ အလျင်အမြန် တိုးလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။
မြန်မာနိုင်ငံအပါအဝင် အီရန်၊ အာဖဂန်နစ္စတန်၊ အီဂျစ်၊ တူရကီ၊ မိုရောကို၊ ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေမှာက အကောင်တုတွေနဲ့ စာမျက်နှာအတု ကွန်ယက်၇ ခုကို ဖြုတ်ချလိုက်တယ်လို့အမေရိကန်အခြေစိုက် ဖေ့စ်ဘုတ်ကုမ္ပဏီက သောကြာနေ့မှာပြောပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံတွင်း တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ပါး စေဖို့ အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန် -တာလီဘန် ညှိနှိုင်းရေးမှုးတွေ မေ ျှာ်လင့်နေချိန်မှာပဲ တိုက်ခိုက်မှုတွေ ပိုတိုးလာတယ်လို့ အာဖဂန်အစိုးရရဲ့ စောင့်ကြည့်အဖွဲ့ က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဂရိနိုင်ငံမှာ COVID-19 ကူးစက်မှု တိုးလာပြီး နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မနိုင်မနင်း ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတွက် သီတင်း ၃ ပတ်ကြာ တနိုင်လုံးအတိုင်းအတာနဲ့ Lockdown ချ ကန့်သတ်မှုတွေကို စနေနေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ကြေညာပါတယ်။
နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲကို ကပ်ရောဂါဖြစ်ပွါးနေချိန်မှာ ကျင်းပရတာနဲ့ တရားစွဲဆိုမှုတွေ၊ နိုင်ငံရေးအရ ထိုးနှက်ဝေဖန်မှုတွေ ပြင်းထန်တာကလွဲလို့ မမှန်မကန်လုပ်တာ ဒါမှမဟုတ် စနစ်တကျ မဲမသမာမှု လုပ်တာမျိုး မတွေ့ရဘူးလို့ OSCE က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်