မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်းဖို့အတွက် နောက်ဆုံး အဆိုပြုလွှာ ဒီကနေ့မှာပဲပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်ရုံးကို ပို့ဆောင်လိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နိုင်ငံတော် ပုန်ကန်မှု နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ် နှစ်၂၀ချမှတ်ခံထားရတဲ့ ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ ထူးအယူခံဝင်ခွင့် လျောက်လဲ ချက်ကို ပြည်ထောင်စု တရားလွှတ် တော်က ဒီကနေ့ ပယ်ချခဲ့ပါတယ်။
ချင်းပြည်နယ် NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဒီကနေ့ပြန်လွှတ် ပေးလိုက်ပါတယ်။ ဦးဝှေ့တင်းကို ပြန်လွှတ်လိုက်တယ်ဆိုပေမယ့် နေအိမ်ကို မရောက်သေး တာကြောင့် စိုးရိမ်နေတယ်လို့ ဦးဝှေ့တင်းရဲ့ ဇနီးကပြောပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ခရီးစဉ်မှာ ကျောက်ဖြူ အထူးစီးပွါးရေးဇုံ စီမံကိန်းနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU ရေးထိုးဖို့ ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မွတ်ဆလင်တွေကို စစ်တွေနဲ့ မောင်တော မြို့နယ်သို့ အသီးသီးလွဲပြောင်းပေးခဲ့ပါတယ်။ အဲဒီထဲက ၁၇ယောက်ကို စစ်တွေမြို့ပေါ်ကို ပို့ဆောင်ပြီး အာဏာပိုင်တွေက စိစစ်ပြီး မိသားစုဝင်တွေဆီကို ပို့ဆောင်ထားပါတယ်။
ရခိုင်မြောက်ပိုင်းက မြို့နယ်လေးခုလောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်ရက်နေ့ကနေ ဒီနေ့အထိ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အကြိမ် ၄၀နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိတွေ့မှု အများဆုံးကတော့ ရန်ကုန်စစ်တွေ ကားလမ်း တစ်လျောက်ဖြစ်တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ပလက်ဝမြို့နယ်တွင်း ကျေးရွာတခုမှာ ချင်းအမျိုးသမီးငယ်တဦးကို AA တပ်ဖွဲ့ဝင်တဦးက အဓမ္မသိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ AA အဖွဲ့ပြောခွင့်ရက ပြောပါတယ်။
မင်းပြားမြို့နယ်ကနေ မြေပုံမြို့နယ်က နေအိမ်ကို ပြန်လာတဲ့ မိသားစုတစုကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၉ လအရွယ် ကလေး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြပါတယ်။ မနေ့ကတော့ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား လေးယောက် ဒဏ်ရာ ရသွားပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်အမိန့်ကို နယ်မြေလုံခြုံရေးအရ နောက်ထပ် နှစ်လ ထပ်ထိုးမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ရခိုင်လက်နက်ကိုင် AAအဖွဲ့က သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာနက ယာဉ်မောင်း ၁၆ ဦးကို ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က တပ်စွဲထားတဲ့ ကျောက်တော်မြို့အတွင်း မနေ့ညက ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် အပျက်အစီးတွေ ရှိနေသလို မြို့ခံတွေလည်း ကြောက်လန့်တကြား ဖြစ်နေကြတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်က မဟာကံကြီးရှင် ဘုရားအနီးမှာ မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြေပုံမြို့နယ် စညင်းကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
မနေ့က ဘူသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားရတာဟာ ဘူးသီးတောင် ဒကစ ၁၅ ဌာန ချုပ်က ပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တာကြောင့်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ခရစ္စမတ်ပွဲတော် မကျင်းပနိုင်တဲ့ အပြင် ဒေသခံတွေရဲ့ စားဝတ်နေရေး ကိစ္စရပ်တွေ အတွက်ပါ ထိခိုက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပုံနဲ့ ရသေ့တောင်ဒေသအတွင်းက ကျေးတစ်ချို့မှာ စစ်တပ်က ရွာအနီးအနားတစ်ဝိုက်မှာ စစ်တပ်က တပ်စွဲပြီး အသွားအလာတွေ ကန့်သတ်ထားတဲ့ အတွက် ဒေသခံတွေ အခက်အခဲအမျိုးမျိုး နဲ့ကြုံတွေ့နေရ တဲ့အပြင် စိုးရိမ်ကြောက်လန့်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်