မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ သံပုံးတီးကြတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူ အများအပြား ဖမ်းဆီးခံနေရပါတယ်။ အိမ်ပြင်မထွက်ဘဲ ကန့်ကွက်ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးအရေးယူတဲ့ လုပ်ရပ်အပေါ် ဥပဒေပညာရှင် တချို့ကလည်း မေးခွန်းထုတ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အများစု အသုံးပြုနေကြတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို အာဏာပိုင်တွေ ယာယီပိတ်လိုက်တာကြောင့် ဆက်သွယ်မှုတွေ မပြတ်အောင် အင်တာနက်သုံးသူတွေ ကြိုးပမ်းနေကြရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စိုးရိမ်မှုတွေနဲ့အတူ ကုန်ဈေးနှုန်းတွ မတည်မငြိမ်ဖြစ်လာနေရာမှာ အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးဟာလည်း စံချိန်တင်မြင့်တက်လာနေပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးမှာ ရိုက်ခတ်လာတဲ့ အခြေအနေတွေကို တင်ပြပေးပါမယ်။
အရပ်သားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေး အကြပ်အတည်းတွေ ကြုံရမှာကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြတာပါ။
ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြကြတဲ့ လှုပ်ရှားမှုကို သွားရောက် သတင်းယူနေစဉ် လူအုပ်စုက သတင်းသမားတွေကို ရိုက်နှက်ခဲ့တာကြောင့် ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် တစ်ဦးနဲ့ သတင်းသမားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်ထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁,၅၀၀,၀၀၀ ကို အသုံးပြုပြီး စတင်လိုက်တဲ့ အစီအစဉ်မှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက ထွက်ပြေး တိမ်းရှောင်လာသူတွေ အပါအဝင် ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံဒေသတွေမှာ ခိုလှုံနေကြသူတွေကို ပြည်နယ်အစိုးရက နေရပ်ပြန်နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းက ၂.၃ ရာခိုင်နှုန်းအထိ ကျလာဆင်းလာတာကြာင့် တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့မှုတွေ တဖြည်းဖြည်း လုပ်ဆောင်လာနေတာပါ။
ခရီးသွားလာခွင့် တရားဝင်အထောက်အထားမရှိဘဲ ရောက်လာကြတဲ့ ကလေးငယ်တချို့ အပါအဝင် ရိုဟင်ဂျာ ၃၄ ဦး ကိုတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာအနီး အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိပြီး ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလမှာ ကန့်သတ်ထားတဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်-မန်ဝိန်းဂိတ်ကို ၂၄ နာရီအပြည့် ဖွင့်လှစ်ခဲ့ပြီးနောက် ကုန်တင်စရိတ်တွေ သက်သာလာတာကြောင့် ပုံမှန်ဖွင့်လှစ်ဖို့ လုပ်ငန်းရှင်တွေ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ကပ်ရောဂါကာလ အသေးစားငွေကြေး လုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သက်သာရာရစေဖို့ ရည်ရွယ်ပြီး အစိုးရက ၃ နှစ် အစီအစဉ်နဲ့ ချေးငွေထုတ်ပေးနေပေမဲ့ အဆင်မပြေတာတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
မိုးတွင်းကာလ အန္တရာယ်ရှိတာကြောင့် ရပ်နားထားခဲ့ရာက နောက်ပိုင်းမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့်ပါ ဆက်လက် ရပ်နားထားတဲ့ ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို အခုအခါ ပြန်လည်လုပ်ခွင့်ရဖို့ လုပ်ငန်းရှင်တွေက အာဏာပိုင်တွေကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းထဲက လည်ပတ်လုပ်ကိုင်နေတဲ့ ဖိနစ်စက်ရုံတစ်ခုမှာ အော်ဒါမှာယူမှုလျော့နည်းခြင်းနဲ့ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုကို အကြောင်းပြပြီး အလုပ်သမား အင်အား ၂,၅၀၀ လောက် လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားအရေးလှုပ်ရှားသူတွေ အပါအဝင် သုံးပွင့်ဆိုင်ရာဆွေးနွေးရာမှာ ဝန်ကြီးဌာနက ပေးတဲ့ စားရင်အရ ရောဂါပိုး ကူးစက်ခံရတဲ့ အလုပ်သမားပေါင်း ၈,၀၀၀ ကျော်ရှိတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
ကိုဗစ်ကာလ အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်လာနေကြပြီး စားဝတ်နေရေး ကြပ်တည်း လာလို့နေရပ်ပြန်ချင်လာကြတာပါ။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်ပြီး ရန်ကုန်၊ ကျိုက်ထီးရိုး၊ ဘားအံ အပျော်စီးလေယာဉ် ခရီးစဉ်ကို ပြေးဆွဲပျံသန်းဖို့ စီစဉ်နေတယ်လို့ ဒီအစီစဉ်မှာ ဧည့်လမ်းညွှန်ဝန်ဆောင်ပေးမယ့် ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဗွီအိုအေကို ပြောပါတယ်။
တိုင်းရင်းသား ဒေသတချို့မှာ မကြာသေးခင် သီတင်းပတ်တွေက စလို့ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေရာက ကျန်းမာရေးဝန်ထမ်းနဲ့ ရောဂါစစ်ဆေးရာမှာ လိုအပ်တဲ့ပစ္စည်းကရိယာ လိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကိုဗစ်ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးပေးနေတာတွေ၊ ရောဂါပိုး စစ်ဆေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ရောင်းချနေတာတွေကို အာဏာပိုင်တွေ စတင်အရေးယူနေတာ ဖြစ်ပါတယ်။
ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အသွားအလာတွေ ကန့်သတ်ထားပေမဲ့ ကုန်စည်စီးဆင်းမှုတွေမှာ ထိခိုက်မှု သက်သာအောင် ကုန်တင်ယာဉ်မောင်းတွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း ခွင့်ပြုချက်နဲ့ သွားလာခွင့်ပြုထားပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ကျေးရွာတရွာမှာ တပ်မတော်က မိုင်းရှင်းလင်းပေးခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်