ရာဘာလို စက်မှုကုန်ကြမ်း စီမံကိန်းဝင် သီးနှံအပင်တွေ တိုးချဲ့စိုက်ပျိုးမှုများလာတဲ့ မွန်ပြည်နယ်မှာ အခုဆိုရင် သဘာဝအတိုင်းပေါက်တဲ့ သီးနှံပင်တွေ မရှိသလောက် ရှားပါးသွားပါပြီ။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ခဲ့တယ်လို့ KNDF ဘက်က ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၅၀၀၀) ကျော် နေရပ်ကနေ တိမ်းရှောင် နေရပါတယ်။
မင်းတပ်ဘက်က ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေ မနေ့ သြဂုတ်လ ၂၆ ရက်က မင်းတပ်မြို့ကို ရောက်ရှိလာခဲ့ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လာရောက် ညှိနှိုင်
ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းတွေက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အဖမ်းခံထားရတဲ့ ဘော်လခဲမြို့နယ်ကလူငယ်တချို့လည်း လွိုင်ကော်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်ကြားမှာ မြန်မာစစ်တပ်နဲ့ထန်တလန် CDF တို့တိုက်ပွဲဖြစ်ကြောင်း နှစ်ဘက်တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး မင်းတပ်မြို့နယ်မှာလည်း အာဏာပိုင်တွေက ဆန်ရိက္ခာတင်သွင်းခွင့် ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေ စားသောက်ရေးနဲ့ကျန်းမာရေးတွေမှာ အခက်တွေ့နေကြောင်း ကူညီနေသူတွေက ပြောပါတယ်။
ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံ မဟာဓါတ်အားလိုင်း တာဝါတိုင်တွေကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကနေ ဖျက်ဆီးလိုက်တယ်လို့အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ပိုင်းချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီကြား ၁၆ မိုင်ဝန်းကျင်မှာ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြား ဒီကနေ့မနက်မှာရော မနေ့ကပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ မင်းတပ် CDF ဘက်ကပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှာ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်အကြား ဒီမနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သလို ချင်းပြည်နယ် မင်းတပ် မြို့နယ်ဘက်မှာလည်း မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဆီးခုံနဲ့သေနတ်ဒဏ်ရာများတဲ့ အရပ်သားတယောက်ကို မကွေးဆေးရုံပို့ထားရပါတယ်။
စစ်ကိုင်းတိုင်းဘက်မှာ စစ်တပ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်တယ်ဆိုတာအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့က ပြောတာကို စစ်ကောင်စီဘက်ကတော့ ငြင်းပါတယ်။ အလားတူ ကလေးမြို့ဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာမှာလည်း PDF အဖွဲ့က ထုတ်ပြန်တာနဲ့ စစ်ကောင်စီက ပြောဆိုတာကြားမှာ ကွဲလွဲနေ
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်အတွင်း ဒီကနေ့မှာလည်း ဖရူဆိုမြို့နယ်မှာ ဒေသခံကရင်နီတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက်ခဲ့ပါတယ်။
ကယားပြည်နယ်ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာဒေသခံထောင်နဲ့ချီလည်း နေရပ်ကနေတိမ်းရှောင်နေရပါတယ်။
ကယားပြည်နယ်လွိုင်ကော်မြို့အရှေ့ဖက် စစ်ဘေးရှောင်စခန်းတခုမှာ ကလေးအများစုပါဝင်တဲ့ စစ်ဘေးရှောင်(၈)ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပြီး ပိုးတွေ့လူနာကို သီးသန့်ထားရှိထားတယ်လို့ဆို
ကယားပြည်နယ်လွိုင်ကော်မြို့မှာ မနေ့ညကဗုံးပေါက်ကွဲမှုအပြင် သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က တဖက်သတ်ပစ်ခတ်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) စွပ်စွဲ ပြောဆိုထားပါတယ်။
ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်လာတဲ့မြန်မာစစ်တပ်နဲ့ ကရင်နီကာကွယ်ရေးအဖွဲ့တို့ ဒီကနေ့ညနေပိုင်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ မနေ့က ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ မှာ ဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုများ
ကယားပြည်နယ်တွင်း မြို့နယ်တချို့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို ဗုံးခွဲတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ တချိန်တည်းမှာတော့ လွိုင်ကော်မြို့အတွင်း ပြည်သူတွေကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ Covid19 စစ်ဆေးရေးဂိတ်တွေကို မြန်မာစစ်တပ်က ဖျက်သိမ်းနေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ ကျောင်းမှာ ကျောင်းသားအများစုနဲ့ ဝန်ထမ်း တချို့ ကို ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူတွေကိုသီးသန့်ခွဲထားတယ်လို့ ဘာသာရေးခေါင်းဆောင် တွေက ပြောပါတယ်။
အသက် ၉ ၀ အရွယ် ဝါရင့်နိုင်ငံရေးသမား ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူကျင့်ရှန်းထန်ဟာ ကိုဗစ်ရောဂါဖြစ်ပြီးနောက် အစားအသေက်လျော့ကျခဲ့ရာက ဇူလိုင်လ (၃၁) ရက်၊ ဒီကနေ့မှာတော့ ကလေးမြို့နေအိမ်မှာပဲကွယ်လွန်သွားပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မင်းတပ် - ကန်ပက်လက် CDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်တပ်ဖွဲ့ပြောခွင့်ရတွေက ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရွာသားထောင်ချီနေရပ်ကနေတိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဒေသခံကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား (၄) ရက်ဆက်တိုက်ပွဲဖြစ်ပွားနေသလို စစ်ရေးတင်းမာမှုအတွင်း စစ်ကောင်စီရှေ့တန်းစခန်းက လုံခြုံရေးအဖွဲ့ဝင်တချို့ CDF အဖွဲ့နဲ့ပူးပေါင်းလာတယ်လို့ ကာကွယ်ရေး ခေါင်းဆောင်တွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်