ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မကြာခန တိုက်ပွဲဖြစ်လေ့ရှိရာ သီပေါမြို့နယ် နောင်အန်ကျေးရွာဘက်မှာ တလကြာ တိုက်ပွဲတွေရပ်နေခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခရှိနေတဲ့ မင်းတပ်မြို့နယ်မှာ ဒီမနက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပစ် ခတ်ရပ်စဲရေးဆွေးနွေးရာမှာ သဘောတူညီချက်မရလို့ ဒီကနေ့မနက်ပိုင်းက နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲတဖန် စတင်ဖြစ်ပွါး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား ဇူလိုင်လ ၁၅ ရက်ကစပြီး ၃ ရက်ဆက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာ ၄ ရွာက ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ ကလေးမြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ အရှေ့စည်းရွာဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကလေးမြို့PDF အဖွဲ့ဝင်တဦးကပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်း ထပ်မံတိုးမြှင့်သွားမယ်လို့ CDF ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာနဲ့ ကိုဗစ်ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ သံသယလူနာတွေ အများအပြား သေဆုံးနေတယ်လို့ ခရစ်ယာန် သချိုင်္င်းကော်မတီတွေနဲ့ လူမှုရေးပရဟိတအဖွဲ့ဝင်တွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးဘက္မွာလဲ တောင်နဲ့မြောက် ရှမ်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေး အခက်တွေ့နေကြပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ သေဆုံးမှုများပြားလာတယ်လို့ ကိုဗစ်ကာကွယ်ရေး ကူညီ လုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလကနေ ဇူလိုင်လ ၆ ရက်နေ့ အထိ ခရစ်ယာန်အမှုတော်ဆောင် ၆၀ ဦးသေဆုံးခဲ့
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ မတ်လက ကရင်လက်နက်ကိုင် KNU တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် ဖာပွန်မြို့နယ်အတွင်းက ရွာသား (၅၀၀၀) ကျော်ဟာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒုက္ခသည်စခန်းနဲ့ ဖာပွန်မြို့ နယ်အုန်းတောကျေးရွာဘက်မှာ ထွက်ပြေး ခိုလှုံနေကြပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တုန်ဟုန်းကျေးရွာအနီး လယ်လုပ်နေတဲ့ ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ဘက်မှာ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/ SSA နဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAတို့အကြား တိုက်ပွဲတွေဖြစ်နေပါတယ်။
ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာ မြန်မာ စစ်တပ်ကနေဖမ်းဆီးသွားတဲ့ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းက ဘာသာ ရေးဆရာ(၅)ယောက်ကို မနေ့ကညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီးလို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
မင်းတပ်မြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လွတ်လပ်စွာသယ်ယူခွင့်ပြုမယ်လို့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား သဘောတူထားပေမဲ့ ဒီသဘောတူချက်ကို စစ်ကောင်စီဘက်က လိုက်နာမှုမရှိဘူးလို့ မင်းတပ်ကာကွယ်ရေး ခေါင်းဆောင်တွေက ပြော
အိန္နိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးအကူညီပေးဆောင်မယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်ကနေ မနေ့ကပြောဆိုသွားပြီး လက်ရှိမီဇိုးရမ်ပြည်နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အမတ်တွေအပါဝင် ကန့်ကွက်ဆန္ဒပြခဲ့လို့ တိမ်းရှောင်နေရသူ သောင်းချီရှိနေ
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာခိုလှုံနေကြရတဲ့ မင်းတပ်မြို့နယ် ကန်ပက်လက် မြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ စားရေးသောက်ရေး အတော် အခက် တွေ့နေကြပါတယ်။
ချင်းပြည်နယ် ပညာရေးဦးစီးဌာနအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်တွေတင်ဆောင်လာတဲ့ကားနှစ်စီး ဂန့်ဂေါနှင့် ဟားခါး လမ်းအကြား မီးရှို့ဖျက်ဆီးခံခဲ့ပါတယ်။ မီးရှို့မှုကို ဒေသတွင်းလှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်အဖွဲ့ PDFလက်ချက်လို့ စစ်ကောင်စီဘက်ကစွပ်စွဲပေမဲ့ PDF ဘက်က ဒါကိုငြင်းဆို
ချင်းပြည်နယ် ထန်ထလန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နယ်မှာဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသခံထောင်ချီ နေရပ်ကနေတိမ်းရှောင်နေရ
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တပ်ဖြန့်ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ မင်းတပ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီနေ့ ဇွန်လ ၈ ရက်နေ့ မနက်က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲကြောင့်မင်းတပ်မြို့နားမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေ နောက်ထပ် နေရာတွေပြောင်းပြီး ဘေးလွတ်ရာ သွားနေကြရ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်မှာ ဒီကနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်