ထိုင်းနိုင်ငံ ရနောင်းမြို့ဆိမ်ကမ်းမှာ လုပ်ငန်းများပိုတွင်ကျယ်အောင် အခြေခံအဆောက်အအုံတွေ ထပ်မံဆောက်လုပ်သွားဖို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဥ်နေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio မတ်လ ၁၀ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ Jeddah မြို့ကို ရောက်ရှိပြီး ရုရှား ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အမေရိကန်သမ္မတ Donald Trump ရဲ့ သဘောထားနဲ့ ပတ်သတ်လို့ အမေရိကန်-ယူကရိန်းကြား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ခွဲထွက်ဖို့ ကြိုးပမ်းသူတွေအနေနဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း တရုတ်စစ်တပ်က ဒီကနေ့ တနင်္ဂနွေနေ့ မတ်လ ၉ ရက်နေ့မှာ ပြောဆိုတာပါ။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ပြီး ထိုင်ဝမ်ကို ပြန်လည်ရယူဖို့ စစ်အင်အား အသုံးမပြုဘူးဆိုပြီး တရုတ်က ပြောဆိုထားတာမျိုး မရှိပါဘူး။
အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေးနေတာတွေကို ကန့်ကွက်ကြောင်း အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) က ပြောဆိုလိုက်ပါတယ်။
ခွေးနှစ်ကောင်ကိုပြန်ပေးဆွဲပြီး ဆွစ်ဖရန်စ် ၁ သန်း (ဒေါ်လာ ၁.၁၃၅ သန်းခန့်) ငွေတောင်းခံတဲ့ အမှုမှာ ခွေးတွေကို ကယ်တင်နိုင်ခဲ့ပြီး သံသယ တရားခံတွေကို ဖမ်းဆီးထားကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။
ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့က ကိုင်ရိုမြို့တော်ကို ရောက်ရှိခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့်ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အီဂျစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဟာမတ်စ်ပြောရေးဆိုခွင့်ရှိသူနှစ်ဦးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရှေ့တပတ် သောကြာနေ့ နောက်ဆုံးထားပြီး အစိုးရအသုံးစရိတ် အသစ် မပြဌာန်းနိုင်ရင် အစိုးရ ယန္တရားတချို့ ရပ်တန့်ရဖို့ ရှိနေချိန်မှာပဲ အောက်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေဟာ စာမျက်နှာ ၉၉ မျက်နှာပါ အစိုးရ အသုံးစရိတ်ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။
ဆေးရုံမှာ လေးပတ်မြောက် ဆေးကုသမှုခံနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုရက်ပိုင်းတွေထဲမှာ “ဖြည်းဖြည်းချင်း တိုးတက်လာနေတဲ့ အရိပ်အယောင်” ပြသလာကြောင်း ဗာတီကန်နန်းတော်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေးနေတာတွေကို ကန့်ကွက်ကြောင်း အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီ ခါမီနီက ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ မစ်ဇိုင်းဒုံး နဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်လို့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ဆေးရုံမှာ ၄ ပတ်မြောက် ဆေးကုသမှုခံနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုရက်ပိုင်းတွေမှာ “ဖြည်းဖြည်းချင်း တိုးတက်လာနေတဲ့ အရိပ်အယောင်” ပြသလာကြောင်း ဗာတီကန်နန်းတော်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ကက်သလစ်သာသနာပိုင် ပုပ် ဖရန်စစ်ဟာ အဆုတ်နှစ်ဘက်လုံးမှာ အဆုတ်ရောင်ရောဂါ ခံစားနေရ။
နောက်ထပ်ကြည့်ရှုရန်