မတ်လ ၁၃ ရက်၊ ၂၀၂၅ ဒီကနေ့ ကြာသပတေးနေ့မှာ လအပြည့်အဝကြတ်ပြီး မှောင်မိုက်သွားတာကို အမေရိကန်ပြည်ထောင်စု တခုလုံးက တွေ့မြင်တိုင်မှာပါ။ ကောင်းကင်ယံက ရှားပါးဖြစ်စဉ်အဖြစ်နဲ့ လဟာ ကမ္ဘာရဲ့ အရိပ်မိုးတာခံရပြီး ခပ်ရင့်ရင့် သွေးနီရောင်လဝန်းအဖြစ် အနောက်ကမ္ဘာခြမ်းဒေသတွေက မြင်ရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံက နိုင်ငံခြားကို ဆန်တင်ပို့မှု ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ ၈ ဆတိုးနိုင်အောင် ကြိုးစားသွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ ပြည်တွင်းမှာ ဆန်လိုအပ်ချက်ရှိပေမဲ့ နိုင်ငံခြားတင်ပို့မှု တိုးနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ ကနေဒါနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ် ရပ်နိုင်ရေးကိစ္စ အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အခြေစိုက်တဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ထိန်းသိမ်းထားကြောင်း ICC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲမှာ ရက် ၃၀ ကြာ အပစ်ရပ်ဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုထားပြီး ယူကရိန်းအရေး စက်မှုဖွံ့ဖြိုးပြီး G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံ ဆွေးနွေးဖို့ ရှိနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က " အပစ်ရပ်ရေးက ရုရှားအပေါ် မူတည်နေတယ်" လို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြောပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံဆွေးနွေးပွဲအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ဆွေးနွေးကြဖို့ရှိပြီး မတ်လ (၁၁) ရက်က အမေရိကန်နဲ့ယူကရိန်း (၈) နာရီကြာဆွေးနွေးပြီးနောက် အမေရိကန်အဆိုပြုထားတဲ့ ရက် (၃၀) ယာယီ ချက်ချင်းအပစ်ရပ်ရေးကို လက်ခံဖို့အဆင်သင့်ရှိကြောင်း ယူကရိန်းက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။
ကမ္ဘာကျော် ကိုရီးယား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက Jennie ဂျန်နီက ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုကို ထုတ်လိုက်ပါတယ်။
ထိုင်းရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန် အဆိုပြုတဲ့ ရက် ၃၀ အပစ်ရပ်ရေးကို ယူကရိန်းအစိုးရက ထောက်ခံကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ပွဲကို အင်္ဂါနေ့မှာ ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ အမေရိကန်က သွင်းကုန်ခွန်ကို ၅၀% ထိ တိုးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်