စင်ကာပူမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ငွေအမြောက်အများဆုံးရှုံးခဲ့တာကြောင့် အဲဒီလို လိမ်လည်သူတွေကို ကြိမ်ဒဏ်ပေးသွားဖို့ စဥ်းစားသုံးသပ်နေတယ်လို့ စင်ကာပူအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ကယ်ထုတ်နိုင်တဲ့ ကင်ညာနိုင်ငံသား (၆၀) ကျော်ဟာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ပိတ်မိနေကြောင်း ကင်ညာအစိုးရက ဒီကနေ့ မတ်လ (၄) ရက်နေ့မှာ ပြောပါတယ်။
ယူကရိန်းကိုပေးနေတဲ့အကူအညီတွေ ဆိုင်းငံ့တာနဲ့ပတ်သက်ပြီး “သမ္မတက ငြိမ်းချမ်းရေးအပေါ် အာရုံစိုက်ဆောင်ရွက်တာ ရှင်းပါတယ်။ ကျနော်တို့ လက်တွဲဘက်တွေ အနေနဲ့ အဲဒီရည်မှန်းချက်နဲ့ပတ်သက်ပြီး ထပ်တူရပ်တည်ဖို့ လိုအပ်ပါတယ်။” လို့လည်း ထရမ့်အစိုးရ အဆင့်မြင့် အရာရှိတဦးက VOA ကို အီးမေးနဲ့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကိုပေးတဲ့ အမေရိကန်အကူအညီ ဆိုင်းငံ့ထားဖို့ အမေရိကန်သမ္မတ Donald Trump က ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က မတ်လ ၃ ရက် တနင်္လာနေ့နှောင်းပိုင်းက ကြေညာပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ ပြောဆိုချက်ဟာ အဆိုးဝါးဆုံး ပြောဆိုချက်ဖြစ်ပြီး အမေရိကန်က သိပ်အကြာကြီး သည်းခံနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။
နည်းပညာပစ္စည်းတွေရဲ့ ချစ်ပ် ထုတ်လုပ်ရေးဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။
အမေရိကန်က အခွန် ထပ်မံ တိုးမြှင့်ချမယ့်နေ့မှာပဲ တရုတ်ကလည်း ပြည်သူ့အတိုင်ပင်ခံညီလာခံကို အင်္ဂါနေ့မှာကျင်းပဖို့ ခေါ်ယူလိုက်ပါတယ်။ နောက်တရက်မှာ အမျိုးသား ပြည်သူ့ ကွန်ဂရက်ခေါ် လွှတ်တော်ကိုလည်း ခေါ်ထားပါတယ်။
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက Mannheim မြို့မှာ လူအုပ်ထဲကို ကားက ဝင်တိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားသလို အစ္စရေးနိုင်ငံ Haifa မှာလည်း ဓားနဲ့ တိုက်ခိုက်တဲ့အတွက် လူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ (၉၇) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို "The Brutalist" ရုပ်ရှင်ဇာတ်ကားနဲ့ Adrien Brody က ရရှိပြီး နှစ်ထပ်ကွမ်း အော်စကာဆုရှင်ဖြစ်လာပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Mikey Madison က "Anora" ဇာတ်ကားနဲ့ ရရှိတာ ပါ။
နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နယ်စပ်ဒေသတလျှောက်မှာ တိုးလာနေတာတိုက်ဖျက်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား နှစ်နိုင်ငံနယ်စပ်တချို့မှာ တံတိုင်းတည်ဆောက်ဖို့ လေ့လာနေကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
ယူကရိန်း မြေရှားသတ္ထု တူးဖေါ်ဖို့အရေး အမေရိကန်နဲ့ သဘောတူညီချက်လက်မှတ် ရေးထိုးဖို့ အဆင်သင့်ရှိနေကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ Donald Trump နဲ့ ဆက်ဆံရေးပြန်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ကြောင်းလည်း မတ်လ ၂ ရက် တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။
အာဖဂန်နစ္စတန်မှာရှိတဲ့ အရင်တုန်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်စခန်းကို တရုတ်က ထိန်းချုပ်ထားတယ် လို့ မကြာမီက အမေရိကန်သမ္မတ ထရမ့် ပြောခဲ့တာကို တာလီဘန် တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်