ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရကဒီကနေ့ထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။
အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းဖို့ သဘောမတူဘူးဆိုရင်၊ စစ်ရေးနည်းလမ်းကို အသုံးပြုကောင်းပြုမယ်လို့ အမေရိကန်သမ္မတ Donald Trump က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အီရန်နဲ့ နျူကလီယား သဘောတူညီချက်ရဖို့ညှိနှိုင်းလိုကြောင်းနဲ့ မတ်လ ၆ ရက် ကြာသပတေးနေ့ကတော့ အီရန်ခေါင်းဆောင်ဆီကို စာတစောင် ပေးပို့ခဲ့တာဖြစ်ပြီး အီရန်ရဲ့ အဓိကရန်သူဖြစ်တဲ့ အမေရိကန်ရဲ့ ကာလတာရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးကသဘောတူမယ်လို့ မျှော်လင့်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ရုရှားက ယူကရိန်းကို မတ်လ ၇ ရက် သောကြာနေ့မှာလည်း လေကြောင်းနဲ့ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်အောင် ကြားဝင်ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ချက်ထားနေဆဲဖြစ်ပါတယ်။ ရုရှားဟာ မစ်ဇိုင်းဒုံး အလုံး ၂၀၀ ကျော်နဲ့ ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့တာပါ။
မြန်မာနိုင်ငံ အေးချမ်း၊ လုံခြုံမှုနဲ့ တည်ငြိမ်ရေးကိုထိခိုက်စေပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီ အကြီးတန်းအရာရှိကြီး ၁၃ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို ကနေဒါက ဒဏ်ခတ်အရေးယူလိုက်ကြောင်း သောကြာနေ့မှာ ကြေညာပါတယ်။ စနစ်တကျ လူ့အခွင့်အရေးချိုးဖေါက်မှုကြောင့်လို့ ဆိုပါတယ်။
The King's Music Room “ဘုရင်ရဲ့ ဂီတအခန်း” လို့ နာမည်ပေးထားတဲ့ အွန်လိုင်းတေးသီချင်း ၁၇ ပုဒ် စာရင်းကို ဗြိတိန်ဘုရင်ကြီးကိုယ်တိုင် ရွေးချယ်ခဲ့ပြီး ဓနသဟာယ နိုင်ငံများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၁၀ ရက် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ Apple Music ရဲ့ ကမ္ဘာလုံးဆိုင်ရာရေဒီယိုလိုင်းတွေမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသက ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာအားလုံးကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီလို့ ဘေဂျင်းမြို့တော်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောသွားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လူစည်ကားတဲ့ Gare du Nord (ဂါဒူနောဒ့်) နိုင်ငံတကာ ဘူတာရုံနားမှာ ဒုတိယကမ္ဘာစစ်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ခဲ့လို့ ပြင်သစ်ကနေ နိုင်ငံတကာသွားတဲ့ မီးရထားခရီးစဉ်တွေ ဒီနေ့ ဖျက်ခဲ့ရပါတယ်။
ထိုင်ဝမ်ရဲ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု ကော်ပိုရေးရှင်း TSMC က အမေရိကန်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဟာ အမေရိကန်- တိုင်ဝမ်ဆက်ဆံရေး အတွက် သမိုင်းတွင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ Lai Ching-te က ပြောကြားလိုက်ပါတယ်။
မက်ဆီကိုသမ္မတ Claudia Sheinbaum က ရွေ့ပြောင်းသူတွေ အမေရိကန်ထဲမဝင်ဖို့နဲ့ fentanyl မူးယစ်ဆေးတွေ မဝင်အောင် တားဆီးရာမှာ သူ့အစိုးရက ဘယ်လို ကူညီခဲ့တယ် ဆိုတာကို တိုက်ရိုက်ပြောကြားခဲ့တဲ့ နောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မက်ဆီကိုတင်ပို့ကုန်တွေ အပေါ် အခွန် ၂၅ % ကောက်ခံမှုကို သီတင်းပတ် ၄ ပတ် ဆိုင်းငံ့လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်