အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်မြို့မှာ အမျိုးသားတဦးကို လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ Wa News Land သတင်းအေဂျင်စီက ဖော်ပြပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ ၉နယ်မြေအတွင်းကို ဒီကနေ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိသလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို သရော်လှောင်ပြောင်ထားတယ်ဆိုပြီး မြန်မာရုပ်ရှင်ကားကို ဝေဖန်ရေးသားတဲ့ပို့စ်တင်ပြီးတဲ့နောက် ရုတ်တရက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတဲ့ ကိုရှိုင်းထက်အောင်ခေါ် ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေအပါအဝင် အနေကြာနေထိုင်နေသူတွေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေအပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူ လူဦးရေ ၅ သိန်းခန့်ကို နိုင်ငံသား ဖြစ်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာ အစကောင်းလို့ သုံးသပ်ကြပါတယ်။ အထူးသံ Bishop က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထပ်တွေ့ဖို့လည်းရှိတယ်လို့ ကုလ အထွေထွေ ညီလာခံမှာ မနေ့က ပြောသွားပေမဲ့ လက်တွေ့ဆက်တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်လို့လည်း သုံးသပ်ကြပါတယ်။
ကမ္ဘာအဝှမ်း မီဒီယာသမားတွေကိုသတ်ဖြတ်မှုမှာ ကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံစာရင်းကို CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီကထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကအဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေပြီး ၂၀၂၄ အတွင်း ထက်မြတ်သူ၊ ဝင်းထွဋ်ဦးနဲ့ မြတ်သူထွန်းစတဲ့ သတင်းထောက် ၃ ဦး အသတ်ခံရမှုကို CPJ က ဖော်ပြထားတာပါ။
"အိမ်က ကိုယ့်ဟာကိုယ်ဆောက်ရတယ်။ မဆောက်နိုင်တဲ့သူတွေ၊ အိမ်မီးလောင်တဲ့သူ တော်တော်များများက ပြန်မလာနိုင်ကြသေးဘူးလေ။ ပြောရရင်တော့ကွယ် အိမ်က ယာယီအဖြစ်ပဲ ဆောက်နိုင်တာပေါ့နော်။ မိုးလုံလေလုံရုံ ကာပြီးတော့နေလိုက်တာ။ နောက်ထပ် အိမ်တလုံးဆောက်ဖို့ဆိုတာ အခုချိန်ထိ တော့ ၃ နှစ်ကျော်ပြီ။" (ရှမ်းတောင်ပိုင်း ဒေသခံ)
နိုင်ငံ ၉ နိုင်ငံက လူပေါင်း ၁၁၀ ကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအရာရှိ ဗိုလ်ချုပ် Sarut Kwaengsopha မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာက ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် ပြန်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က ကုလ အထွေထွေညီလာခံမှာ မနေ့က ပြောလိုက်တာပါ။
"စစ်အာဏာရှင်စနစ် တည်တန့်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မဖြေရှင်းဘဲနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"လို့လည်း မြန်မာ့အရေး အပြန်အလှန် ဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်