နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီး ဗုဒ္ဓဟူးနေ့ကငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေ ၆ စီးဟာ ပင်လယ်ရေစီးသန်နေတဲ့အချိန် မထင်မှတ်ဘဲ မြန်မာရေပိုင်နက်ထဲ ရောက်သွားခဲ့တာမှာ မြန်မာရေတပ်က တိုက်ခိုက်လို့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပမယ်ဆိုတာ လက်ရှိ အခြေအနေမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင်သံအမတ်ကြီး Beth Van Schaack က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ပိုမိုငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး အမေရိကန်က အရှိန်မြှင့်ကြိုးပမ်းနေပါတယ်လို့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken ကပြောကြားသွားပါတယ်။
၂၀၁၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၈၀၀ ထက်မနည်းလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၅၀ ကျော်သေဆုံးခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုကို လေ့လာနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီလိုထုတ်ပြန်တာဟာ မြန်မာပြည်တွင်းရေးကို ပြည်ပတပ်ဖွဲ့တွေက ဝင်ရောက်စွက်ဖက်လာနိုင်တာကြောင့် အမျိုးသားရေး အကျိုးစီးပွား မထိခိုက်စေဖို့ နဲ့ MNDAA ပါတီ၊ အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်သူအားလုံးကို ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးမှာ မပါဝင်စေတာကြောင့်လို့ ဖော်ပြပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာတာကို ထောက်ပြပြီး ငြိမ်းချမ်းရေးဟာ အရင်ကထက် မဖြစ်မနေ လိုအပ်လာနေပြီလို့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ သူက ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၆) ရက်နေ့က ကမ်းလှမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုအဟာ ဟန်ပြကမ်းလှမ်းမှုသာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်ကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ မြို့ပေါ်ရပ်ကွက်တွေအတွက် သန်းခေါင်စာရင်း ကောက်ယူပြီး ပေမယ့် ရွာတွေဘက်မှာတော့ လုံခြုံရေးအခြေအနေကြောင့် မကောက်ယူနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူတဲ့ အထဲမှာ ဆီဆိုင်မြို့ ပါဝင်ပါတယ်။
အမေရိကန်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးပံ့ပိုးမှုတွေနဲ့အတူ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ် ဖိအားတွေ ဆက်ပေးနေမှာဖြစ်ကြောင်း လာအိုနိုင်ငံ Vientiane မြို့ မှာကျင်းပတဲ့ ထိပ်သီးညီလာခံတွေကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
ခြင်းတခြင်းမှ (ကျပ်) ၃သောင်း၊ အလုံးရေက ၃၅၊ ၄၀။ နောက်ပိုင်းဆိုရင် ၂၀,၀၀၀ အဲလောက်ပဲရတော့တာ။ တခါတလေ တသောင်း၊ တသောင်းခွဲနဲ့တောင်ဖြတ်တာ အဲလိုရှိသေးတယ်။ တန်ဆာခတွေ စျေးကြီးတာနဲ့ ကြာတာနဲ့ဆိုတော့လေ၊ တန်ဆာခက ပိဿာနဲ့ယူတာလေ။ အခုလောလောဆယ် ပို့နေတာဆို (တပိဿာ) ၃ထောင် (ကျပ်) ကျတယ် ကားခက။" (သရက်သီးကုန်စည်ဒိုင်)
"ညောင်လေးပင် ဘုန်းကြီးကျောင်းကို ရောက်လာပြီးတော့မှ ပြည်သူ ၁၀၀ လောက်ကို ခေါ်သွားတယ် ပေါ့နော်။ ဘုန်းကြီးကျောင်းထဲမှာ နဂိုကတည်းက အဲ့ပတ်ဝန်းမှာ အိမ်ထောင်စု ၇၀ လောက်က ဘုန်းကြီးကျောင်း ပရဝုဏ်ထဲမှာ နေကြတာပေါ့။ အဲ့ဘုန်းကြီးက ဘာသာပေါင်းစုံပုံစံမျိုးနဲ့ အကုန်အစုံ ရှိတာ။" (ငါန်းဇွန်ဒေသခံ)
“ညနေ လေးနာရီခွဲလောက်က ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ လာပစ်တော့ သေဆုံး ဒဏ်ရာရတာ အများကြီးရှိတယ်၊ ကျနော်အကြမ်းအားဖြင့် သိရသလောက်ဆိုရင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်ခင်ဗျာ။အဲဒီထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူလည်း အများအပြား ရှိတယ်လို့ သိရတယ်။ ကျတာက မြို့ထဲမှာကျတာ စျေးနားကို ကျတာခင်ဗျ၊ ဟုတ်။” (ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်