တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရှောင်ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စ အပြည့်အ၀အောင်မြင်ဖို့ မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိနှုန်း ပိုများလာတယ်လို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ပြောလိုက်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တွေဟာ ကိုယ်ရေးအချက်အလက်၊ ပြည်တွင်း ပြည်ပရွေ့ပြောင်းသွားလာနေသူတွေအကြောင်း အပါအဝင် မေးခွန်းပေါင်း ၆၈ ခုပါတဲ့ စစ်တမ်းနဲ့အတူ ရန်ကုန်မှာလည်း တအိမ်တက်ဆင်း စာရင်းကောက်နေပါတယ်။
အာရက္ခတပ်တော် AA ဘက်က နယ်မြေအများအပြားကို ထိန်းချုပ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ အစီအစဉ်ဟာ လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကိုလည်း အကဲခတ်တွေ မေးခွန်းထုတ်နေကြတာပါ။
ကချင်ပြည်နယ်အရှေ့ပိုင်းက စစ်ရေးနဲ့ စီးပွားရေးအရ အရေးပါပြီး မြေရှားသတ္တုထွက်တဲ့ ချီဖွေနဲ့ ဆော့လော် ကို ၄ ရက်အတွင်း KIA ကချင်လွတ်လပ်ရေးတပ်မတော် က သိမ်းယူလိုက်ပြီဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရာဂီတိုင်ဖုံးမုန်တိုင်းနောက်ဆက်တွဲ ရေဘေးဒဏ်ခံရသူတွေအတွက် ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဗဟိုအရေးပေါ် ရံပုံငွေထဲကနေ ဒေါ်လာ ၄ သန်း ချထားပေးမှာ ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephen Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ကူတော်ကနေ ဘုတလင်ကို ပြန်ခေါက်တယ်ပေါ့နော်။ ပြန်ခေါက်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲထိတွေ့မှုရှိခဲ့တယ်လို့ ပြောရမှာပေါ့။ ၁၂ နာရီခွဲလောက်ကနေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ၄ နာရီဝန်းကျင်လောက်အထိကြာမြင့်ခဲ့တယ်။" (ကိုဉာဏ်- 96 Soldiers ဒုစစ်ရေးတာဝန်ခံ)
“အိမ်မှာရှိတဲ့လူကို အကုန်မေးတယ်။ အသက်အရွယ်၊ ဘာတွေလုပ်လဲ၊ နိုင်ငံခြားသွားထွက်တာရှိရင် ထွက်တဲ့အလျှောက် ဘယ်နေ့ကထွက်လဲ၊ ဘယ်နိုင်ငံလဲမေးတယ်။ ဘာတက္ကသိုလ်တက်လဲ မေးတယ်။ နောက် ခုရှိနေသူက မျက်စိကောင်းမကောင်း၊ နားကောင်းမကောင်းမေးတယ်။ အဲဒါ အဓိကထား မေးတယ်။ စစ်မှုထမ်းဖို့အတွက်ပါ ပါတယ်။" (ပြင်ဦးလွင်ဒေသခံ)
“အဲဒီမှာနေ့လယ်က ဖလူးရွာကို လက်နက်ကြီးကျတော့ စာသင်ကျောင်းက ကလေးတွေပြန်လွှတ်ပေးလိုက်တယ်။ ဒီနောက်သိပ်မကြာဘူး။ နောက်ထပ်တလုံးထပ်ကျတာ။ စာသင်ကျောင်းပေါ်တည့်တည့်ကျတယ်။ ကံကောင်းတာက ကလေးတွေ ပြန်လွှတ်လိုက်လို့ အထိခိုက်တော့ မရှိဘူး။ ကျောင်းတော့ပျက်စီးသွားတယ်။" (ဒုက္ခသည်တွေကို ကူညီနေသူတဦး)
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ၊ အကူအညီပေးနေတဲ့ ဒေသခံလူမှုအသိုက်အဝန်းနဲ့ ဒေသတွင်းအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာလိုက်တာပါ။
မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေအရေး ရုံးလုပ်ငန်းစဉ်တွေမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာဒုက္ခသည်တွေ ဒီကနေ့ အင်္ဂါနေ့မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး၊ ၁ ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်