ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ကော့ကရိတ်မြဝတီအာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီဘက်က ကြိုးစားနေသလို ကရင်လက်နက်ကိုင်အဖွဲ့တွေ ကြားမှာလည်း အာရှလမ်းပြန်ဖွင့်ရေးမဖွင့်ရေး ကိစ္စအပေါ် ကွဲလွဲမှုတွေရှိနေတယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ကော့ကရိတ်မြဝတီအာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီဘက်ကကြိုးစားနေသလို ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာလည်းအာရှလမ်းပြန်ဖွင့်ရေးမဖွင့်ရေးကိစ္စအပေါ်ကွဲလွဲမူ့တွေလည်းရှိနေ တယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၄ဝဝ လောက်ကို ဒီရက်ပိုင်း အတွင်း စစ်ကောင်စီက ပြည်မဘက်ကို ရွှေ့ပြောင်းခဲ့တာပါ။ ရွှေ့ပြောင်းခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်သလို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ကျနေတဲ့ ရခိုင်အခြေစိုက် DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းလည်း ပါဝင်တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။
မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ တဒါဇင်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဝေါစုကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံဘက်က အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်။
မြန်မာကို အထီးကျန်အောင် ပစ်ပယ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လာအိုနိုင်ငံ ဗီယင်ကျန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး အတွင်းဝန် Jaideep Mazumdar က သောကြာနေ့ အိန္ဒိယနိုင်ငံခြားရေးဌာန အထူး သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။
စစ်တွေအကျဉ်းထောင်မှာ ထောင်ချထားရတဲ့ ရခိုင်အခြေစိုက် Development Media Group (DMG)သတင်းဌာနရဲ့ သတင်းထောက်ကိုထက်အောင်နဲ့ ရုုံးဝန်ထမ်းအပါအဝင် တခြားအကျဉ်းသား ၄ဝဝလောက်ကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီကပြည်မဘက်ကို ပြောင်းရွှေ့သွားတယ်လို့ DMG သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။
မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ တဒါဇင်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီး ဗုဒ္ဓဟူးနေ့ကငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေ ၆ စီးဟာ ပင်လယ်ရေစီးသန်နေတဲ့အချိန် မထင်မှတ်ဘဲ မြန်မာရေပိုင်နက်ထဲ ရောက်သွားခဲ့တာမှာ မြန်မာရေတပ်က တိုက်ခိုက်လို့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပမယ်ဆိုတာ လက်ရှိ အခြေအနေမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင်သံအမတ်ကြီး Beth Van Schaack က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်