အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုမှာ ဆောင်းဦးပေါက် ပထမဆုံးလပြည့်ချိန် အမဲလိုက်ဖို့ အကောင်းဆုံး အလင်းရောင်ရတဲ့ လပြည့် ညမျိုး ဖြစ်နေတတ်တာကြောင့် hunter moon လို့လည်း ခေါ်လေ့ရှိပါတယ်။ ဒီလို အတောက်ပဆုံး လဝန်းကြီးကို ၃ ရက်လောက် ကမ္ဘာမြေက မြင်တွေ့ရမယ်လို့ NASA က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံတဝန်း အောက်တိုဘာလ ၁ ရက်နေ့က စတင်တဲ့ ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူတာတွေ ဒီသီတင်းပတ်ထဲ အဆုံးသတ်သွားပေမဲ့ လက်တွေမှာ အပြီးစီးတဲ့ ဒေသတွေ အများအပြား ကျန်နေတာကြောင့် နောက်ထပ် ၁၅ ရက်ထပ်တိုး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ လဝက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် မြိတ်မြို့နဲ့ ပုလောမြို့ကြားက ပြည်ထောင်စုကားလမ်းမကြီးမှာ ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။ ဒီကားလမ်းမှာ မိုင်းနင်းမိလို့ ယာဉ်မောင်းတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က စစ်ကောင်စီလက်ကျန် တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကဗုံးကြဲနေပြီး စစ်ရေးပြင်းထန်နေပါတယ်။ အမ်းနဲ့ ဂွမြို့နယ်ဘက်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ဘေးရှောင်တွေ ဖမ်းဆီးခံနေရပါတယ်။
ထိုင်းနိုင်ငံ Chumphon ခရိုင်မှာ လူမှောင်ခိုတွေ ပြွတ်သိပ်တင်လာတဲ့ ကုန်တင်ကားထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူမှောင်ခိုသမားတွေလို့ ယူဆရသူ နှစ်ဦးကိုလည်း ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ပေါ်ထွန်းလာအောင် ကြိုးပမ်း လုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးတွေ ရရှိဖို့ အားထုတ် ကြိုးပမ်းခဲ့တာကြောင့် ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်တယ်လို့ ဥရောပ အခြေစိုက် IDHAE အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် စစ်တပ်က အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်မှာ နာရီနဲ့ချီ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လူနေအိမ်တွေ ပျက်စီးသွားပေမဲ့ ထိခိုက် သေဆုံးသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့မြန်မာနိုင်ငံကနေ မကြာသေးခင်ကမှ နယ်စပ်ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၄ သောင်းကျော်ရှိလာတာအတွက် အထူးစိတ်ပူကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md. Touhid Hossain က ပြောပါတယ်။
“လုပီနဲ့ပန်ဝါကတော့ ၁၀ မိုင်ကျော်ကွာတာပေါ့။ အဲဒီမှာလည်း စကစရဲ့ကာကင်းစခန်းတွေ ရှိပါတယ်။ .... ဒီ ကန်ပိုက်တီ လမ်းဘက်မှာလည်း တိုက်ပွဲတော့ဖြစ်တယ်လို့ ပြောကြတယ်။ ဝေါ့ချုံး၊ စင်ကြိုင် အဲဒီတကြောမှာပါ။ (၁၀၀၃) ကတော့ အဲဒီ ဝေါ့ချုံး၊ စင်ကြိုင်မှာ တပ်စွဲထားတာဖြစ်ပါတယ်။" (ဗိုလ်မှူးကြီး နော်ဘူ-KIA ပြန်ကြားရေး)
ဆောင်းသီးနှံစိုက်ပျိုးတာ၊ တချို့ မျိုးကောင်း မျိုးသန့်တွေ မျိုးစေ့ကိစ္စတွေ ရှိမယ်။ နောက်ပြီးတော့မှ သဘာဝမြေသြဇာဖြစ်စေ၊ ဓာတ်မြေသြဇာ ဖြစ်စေ၊ အဲ့ဒါလိုအပ်တယ်။ နောက်ပြီးတော့မှ အဲ့ဒီအတွက် ထွန်ရက်ဖို့အတွက်လိုအပ်တဲ့ ဓာတ်ဆီ ပေါ့နော် မဟုတ်ရင် ဒီဇင်ဆီပေါ့နော်၊ အဲ့ဒီမှာ အခက်အခဲရှိနေသေးတယ်ပေါ့နော်။ (ကိုဗညား-IEC)
စစ်ကောင်စီအနေနဲ့ နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေးကို မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့သလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒီကနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာ နားလည်ပြီး လိုအပ်တဲ့ လူသားချင်းစာနာ ကူညီမှုတွေ ဆက်ပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်