ကချင်ပြည်နယ် ချီဖွေမြို့နယ်က အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်စခန်းကို ဒီကနေ့ မနက်မှာပဲ KIA က ဝင်တိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ အရင်ကထက် ပိုများလာပြီး ကုန်စည်သယ်ယူခွင့် ကန့်သတ် တင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တောင်ကြီးကနေ ဆီဆိုင်ရောက်ဖို့အတွက် စစ်ဆေးရေးဂိတ် ၉ ဂိတ်ထက်မနည်း ရှိနေတာပါ။
အာရက္ခတပ်တော် AA နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ ဒီရက်ပိုင်း တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ အမ်း ဂွနဲ့ မောင်တောမြို့ နယ်တွေ မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် စာနာမှု အကူအညီအဖြစ် ဒေါ်လာ ၉ သန်း ထောက်ပံ့ဖို့ သြစတြေးလျနိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ သြစတြေးလျက ၂၀၁၇ ခုနှစ်ကစ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စာနာမှုအထောက်အပံ့ စုစုပေါင်း ဒေါ်လာသန်း ၈၈၀ ရှိပြီလို့လည်း ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲ ကရင်ပြည်နယ် ဖားအံ ကော့ကရိတ် မြဝတီစတဲ့လမ်းတလျောက်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ဂိတ်ပေါင်း ၂၀ကျော်ရှိပြီး ဖမ်းဆီးစစ်ဆေးမေးမြန်း ငွေညှစ်ပြီး ဂိတ်ကြေးတွေ တောင်းနေတယ်လို့ ခရီးသွားတွေနဲ့ကုန်သည်တွေက ဗွီအိုအေကိုပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြရတယ်
“ သီပေါမြို့ကိုတော့ ကျမတို့က မနေ့ နေ့လည် ၁နာရီဝန်းကျင်ပေါ့နော်။ နောက်ဆုံးကျန်ရှိတဲ့ ခလရ ၂၃ကို ကျမတို့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒါကြောင့် လက်ရှိဆိုရင် သီပေါမြို့ကို ကျမတို့ အကုန်လုံး ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။” TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦး
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အာဆီယံက ကြိုးပမ်းနေချိန်မှာ အမေရိကန်နဲ့ တရုတ်လို အာဆီယံရဲ့ မိတ်ဆွေတွေ က မြန်မာအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေရာမှာ အကူညီပေးကြဖို့ စင်္ကာပူ ဝန်ကြီးချုပ် Lawrence Wong က ပန်ကြားလိုက်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ရိုးသားမှု၊ ပေးဆပ်မှုတွေနဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကိုဂုဏ်ပြုပြီး သူ့ရဲ့ရက်လည်နေ့မှာ အမှတ်တရအခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ်မှာရော မြန်မာပြည်တွင်းက အကျဉ်းထောင်တွေ ထဲမှာပါ လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေ ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အကြပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေး တွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေး တွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်