မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အစီအစဉ်သစ်တွေကို UK, EU နဲ့ ကနေဒါနိုင်ငံတွေက ဒီကနေ့ပဲ ပူးတွဲကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲပေးနေကြပြီး မဲပေးသူတွေထဲ ပြည်ပရောက် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပြင်၊ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။
ချင်းပြည်နယ် ဖလမ်းနဲ့ ဟားခါးမြို့ မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်လို့ ဒီသီတင်းပတ်ထဲ ၄ရက်အတွင်း ၁ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။ ဖလမ်းမြို့မှာ စစ်ရေးတင်းမာနေပြီး မြို့ခံအများစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီလေကြောင်းက မနေ့ညနေပိုင်းက အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းဆီးအထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက်အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရတဲ့ NLD အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ သူနဲ့နီးစပ်သူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်းမှာ ဘုရားဖူးယာဉ်တစီး ပေ (၃၅၀) နက်တဲ့ ချောက်ထဲကို တိမ်းမှောက်ကျသွားပြီး ခရီးသည်စုစုပေါင်း (၇) ဦး သေဆုံးခဲ့ပြီး ခရီးသည်(၂၂) ဦး ဒဏ်ရာရခဲ့ကြပါတယ်။
တအန်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်တွေပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ဟန်ဒုန်း မြို့နယ် အဝေး ပြေးလမ်းမကြီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား အလုံးရေ ၂သန်းခွဲ နီးပါး(2,494,000 နဲ့ မူးယစ်မှောင်ခိုသမားသုံးဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ စက်လှေတိမ်းမှောက်ပြီးနောက် စက်လှေပြေးဆွဲချိန် မနက်ပိုင်းပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးနဲ့ ရေဘေး နှစ်ခုစလုံး ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ ကရင်နီဒေသက ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောက်ရေးဌာန က ပန်ကြားလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မူ့တွေ ဆက်တိုက်လုပ်တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ မကွေးတိုင်း ချောက်မြို့နယ်ထဲက နရွဲတော ကျေးရွာနဲ့ အနီးတဝိုက်ကို Google မြေပုံမှ မြင်တွေ့ရစဉ်
နောက်ထပ်ကြည့်ရှုရန်